အခန်း ( ၁၉ )

9.1K 669 0
                                    


"စိတ်ကစားတာနေမှာပါ ကလေးမို့ ..."

"သက်သေလေးတော့ ....ပြခွင့်ရှိတယ်မဟုတ်လားဟင်"

"တို့ .... lesbian မဟုတ်ဘူး " ဟု စကားအား ပြတ်ပြတ်သားသားပြောရင်း အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။ အယ်မလီလည်း သူ့အား နောက်တောင် လှည့်မကြည့်ပဲ အိမ်ထဲသို့ ဝင်သွားသည့် ဆွေနုရည်ကို အသေချာကြည့်နေမိသည် ။

"အေးပေါ့လေ ....။ လှလွန်းတဲ့ပန်းဆိုတော့လည်း အလွယ်တကူတော့ ဘယ်စိုက်ပြီး ဘယ်လိုပန်လို့ရမလဲလေ ၊ အလျှင်အမြန်တော့ ။ နောင်တော့ ဖြစ်လာမှာပါ "

မိမိဘာသာ အားပေးရင်း တွယ်တာ တို့အိမ်ရှိရာသို့ အယ်မလီ​လည်း ခြေလှမ်းနှေးနှေးလေးများနှင့် လျှောက်လာတော့သည် ။မည်သို့ပင် အားမပျက်အောင် မိမိကိုယ်တိုင် အားပေးနေသော်လည်း မျက်နှာမှာပင် သိသိသာသာကိုပျက်လာသည်။

"ဟဲ့ ..အခြေအနေ ကောင်းတယ်မလား ။ ဘာလဲ ပါတီ ကျင်းပရတော့လေမလား " ဟု ဧည့်ခန်းထဲတွင် ထိုင်နေသည့် တွယ်တာလည်း အိမ်ထဲဝင်လာသည့် အယ်မလီအား မေးတော့သည်။

"ဟင့်အင်း ..."

ထိုစကားကြောင့် တွယ်တာလည်း ထိုင်နေရာမှ ချက်ချင်းဆိုသလို ထလာကာ အယ်မလီ လည်း လျှောက်လာတော့၏။

"ဟဲ့ အဆင်ပြေရဲ့လား ..."

အယ်မလီ မျက်နှာမှာ သွေးမရှိသည်အထိ ဖြူဖက်ဖြူရော်နှင့်သာ ။

"နိုး... ၊ ဒါပေမဲ့ ဒီလို အပြောခံလိုက်ရတာကမှ​သဘာဝကျတာလေ...။ ပထမတစ်ခေါက်တည်း က သူလက်ခံလိုက်ရင် ဘယ်ဟုတ်မလဲ ထားလိုက်ပါ ငြင်းပါစေ။ သူမှာ ငြင်းပိုင်ခွင့်ရှိပါတယ် ၊ ငြင်းလည်း ငြင်းထိုက်ပါတယ်လေ ငါ့လိုလူကို "

အယ်မလီ လည်း အားမရှိတော့သည့် မျက်နှာထားနှင့်အတူ တွယ်တာ့အခန်းထဲသို့ဝင်သွားတော့သည် ။ ထိုသည်ကို ကြည့်ရင်း တွယ်တာလည်း စကားစပျောက်ဆုံးနေသည်မှာ အမှန်။

"ဘယ်လို လုပ်ပေးရပါမလဲလေ " ဟု သူငယ်ချင်းဖြစ်သူကို ကြည့်ရင်းသက်ပြင်းလေးချလျှက် ဆိုမိသည် ။

တစ်ဖက် ဆွေနုရည်အခန်းထဲတွင်လည်း အသက်မဲ့သည့်လူတစ်ယောက်ကဲ့သို့ ကုတင်ပေါ်တွင်ထိုင်နေမိသူမှာ ဆွေနုရည်ပင်။မည်သည့်တုန်ပြန်ချက်မှ မရှိပဲ ငြိမ်နေမိသည်။

My Dearest Swe (Completed)Where stories live. Discover now