အခန်း ( ၁၈ )

9.4K 666 7
                                    

"ဒေါက်တာ က သိပ်လျိုဝှက်တဲ့ အမျိုးသမီးပဲနော် "

"ဟားဟားဟား ..."

ဆွေနုရည် လည်း အယ်မလီစကားကြောင့် ရယ်မိသည်။ထို့နောက် ကော်ဖီဆိုင်ထဲရောက်လာကြပြီး နှစ်ယောက်သား မုန့်များမှာယူကာ ဒေါင့်စွန်းဝိုင်းတွင် ထိုင်နေမိသည် ။ ဆွေနုရည်မှာမူ မိုးသားများကို ငေးနေမိသော်လည်း အယ်မလီ မှာ ဆွေနုရည်ကိုသာ ကြည့်နေမိသည်။

"မိုးစက်လေးတွေကို ကြည့်ပါဦးကွယ်...." ဟု ပြောရင်း လက်ညှိုးလေးထိုးပြနေသူမှာ ဆွေနုရည်ပင်။ထို့ကြောင့် အယ်မလီလည်း ညွှန်ပြရာနေရာလေးကို လိုက်ကြည့်မိသည်။

"သမီးတော့ မသိဘူး ... ၊ တို့တော့ မိုးရာသီကို မကြိုက်ဘူး ...။ မကြိုက်ပေမဲ့ တစ်ခါတလေ မိုးရွာတာကို ကြည့်ရတာ ကြိုက်တယ် ။ ဘာဖြစ်လို့ မိုးရွာတာကို မကြိုက်သလဲဆို စိုစိုစွတ်စွတ်ကြီးနေထိုင်ရလို့ပဲ ၊ တစ်ဖက်ကြည့်ပြန်ရင် ဘာလို့ မိုးရွာတာကို ကြိုက်သလဲဆို မိုးရွာနေတာကို ကြည့်ရတာ အရသာတစ်မျိူးရှိလို့ပဲ "

အယ်မလီ လည်း ချက်ချင်းဆိုသလို ဆွေနုရည်အား ပြောတော့၏။

"အဲသည်အတွက်ကြောင့်ပြောတာပေါ့ ။ ဒေါက်တာက လျိုဝှက်တဲ့ နားလည်ရခက်တဲ့ အမျိုးသမီးပါလို့လေ​၊လီလီ လည်း မိန်းမပါပဲ ဒါပေမဲ့ မိန်းမချင်းတောင် ဒေါက်တာ့ရဲ့ အကြည့်တွေကို တစ်ခါတစ်ခါ လီလီ နားမလည်ဘူး "

အယ်မလီ ပြောနေသည့်ဟန်လေးကို သဘောကျသည့်အတွက် ဆွေနုရည်လည်း ပြုံးလိုက်တော့သည်။ ထိုအချိန် စားပွဲထိုးလေးမှ မုန့်များကို လာချပေးတော့သည်။

"မှာထားတာတွေ ရောက်ပါပြီးဗျ"

"ကျေးဇူးတင်ပါတယ် ..."

မုန့်များလာချပေးသည့် စားပွဲထိုးလေး အပေါ် ကျေးဇူးတင်စကားဆိုသည့် ဆွေနုရည်၏ ပုံစံလေးကို ကြည့်ရင်း အယ်မလီ သဘောကျစိတ်ပိုနေမိသည်။ထို့နောက် အယ်မလီ လည်း တစ်ခုခုကို စဥ်းစားနေဟန် ဖြင့် သာ အဝေးကို ကြည့်နေမိသည်။

"ဘာတွေ စဥ်းစားနေတာလဲ ....ကော်ဖီတွေ မအေးကုန်ခင် သောက်လေ ။ ကော်ဖီဆိုတာ ပူတုန်းပဲ သောက်လို့ကောင်းတာ ၊ ဘယ်လောက်ပဲ ကောင်းတဲ့ ကော်ဖီဖြစ်နေပါစေ တို့အတွက်တော့ အေးသွားရင် အလကားပဲ "

My Dearest Swe (Completed)Donde viven las historias. Descúbrelo ahora