တစ်ခဏအကြာ သူမ၏ ဖုန်းသို့ အမေရိကားမှ ဖခင်ဖြစ်သူထံမှ ဖုန်းဝင်လာတော့သည်။
"ဟယ်လို ဒယ်ဒီ..၊ဒယ်ဒီ ..ဟယ်လို ။ ဒယ်ဒီ.. "
ဖုန်းမှ အသံမကြားရသည့်အတွက် အဆောက်အအုံအပြင်ဘက်သို့ ထွက်လာတော့၏။
"ဟယ်လို ဒယ်ဒီ ..ကြားလား ။ဒယ်ဒီရေ..."
"အေး သမီး ကြားလား"
အဆောက်အအုံအပြင်ဘက်ရောက်ခါမှ ကြားရတော့သည်။"ကြားပြီ ဒယ်ဒီ"
"အဆင်ပြေလား ..နေရထိုင်ရတာ ။ လူကြီးတွေနဲ့ရော အဆင်ပြေရဲ့လား "
"နေရတာ အဆင်ပြေပါတယ် ဒယ်ဒီ ...ဒီလိုပါပဲ "
အယ်မလီ ဖုန်းရပ်ပြောနေသည့်နေရာမှာ ဆွေနုရည်ကားဘေးတွင်ဖြစ်နေတော့၏။"ဒယ်ဒီက စိတ်ပူနေတာ သမီး သဟဇာတ ဖြစ်ပါ့မလားလို့ဆိုပြီး"
"ဪ.. ဒယ်ဒီရယ် လီလီလည်း မငယ်တော့ပါဘူး" ဟုပြောရင်း ဘေးရှိ ဆွေနုရည်ကားအဖုံးအား ကိုင်နေတော့သည်။ ထို့နောက်သိပ်မကြာ ဖုန်းပြောပြီးနောက် ဆေးရုံအဆောက်အအုံထဲသို့ ပြန်အဝင် ကောင်တာနားအရောက် အယ်မလီ ခြေလှမ်းများရပ်တန့်ကုန်တော့၏။
"ဟားဟားဟား..ဒီလိုနေကောင်းနေတာကိုမြင်ရတာနဲ့ပဲ ကျွန်မသိပ်ကိုဝမ်းသာရတာပါ" ဟုပြောနေသည့် ထိုအသံပိုင်ရှင်၏ နောက်ကျောကို မြင်လိုက်ရတော့သည်။
လွန်ခဲ့သော (၈)နှစ်ခန့်
"တကယ်ကတော့ ငါမသွားချင်ဘူး ...ဒယ်ဒီမှာက သိတယ်မလား" ဟုပြောနေသူမှာ (၁၈)နှစ်အရွယ်ကောင်မလေး မှုန်ရွှေရည်။
"ဒါပေမဲ့ နင်အဲ့ကိုသွားလိုက်တာက ပိုပြီး ကောင်းမယ်ထင်တယ်.."ဟု ပြောနေချိန် စကားတောင်မဆုံးခင် ဖုန်းလိုင်းပူးသကဲ့သို့ ဖြစ်လာတော့သည်။
"တကယ့်ကို ဝမ်းသာစရာပေ့ါကလေးရယ်...ဟားဟားဟား လမင်းထိန်ထိန်သာသလေ့ " ဟု ရယ်သည့် ထိုအသံမှာမရှင်းမလင်းပေမဲ့ရယ်သံကိုတော့ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့် အယ်မလီ။"ဟဲ့ ...တွယ်တာ ၊ဟယ်လို ကြားလား တွယ်တာရေ"
" တီတီ...တီတီ.တီတီ"
ဖုန်းမှာ လုံးဝကို ကျသွားတော့သည်။ထို့နေ့မှ ပြန်ကြားလိုက်ရသည့် မည်သူနှင့်မှ မတူနေသည့် ထိုရယ်သံ။
VOUS LISEZ
My Dearest Swe (Completed)
Roman d'amourတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်