အခန်း ( ၆ )

10.7K 739 3
                                    

"ဘာများလဲမေမေ..နာမည်က ဘာတဲ့လဲ "

ထိုကဲ့သို့ မေးရင်း အယ်မလီ​လည်းပြတင်းပေါက်နား ပြန်သွားရင်း စီးကရက် ဆက်သောက်နေမိသည် ။

"မျက်လုံးချင်းစကားပြောနေပြီတဲ့ ...ဘာဖြစ်လို့လဲသမီး"
ထိုအချိန် အယ်မလီ ဆေးလိပ်တစ်ချက်ဖွာလိုက်တော့သည်​။

"ကြိုက်မိနေလို့ ..." ဟု ခပ်ပြတ်ပြတ် ပြန်ဖြေသည့် အယ်မလီ။ အယ်မလီ ဆေးလိပ်သောက်နေပုံကို မိခင်ဖြစ်သူလည်း သေချာကြည့်နေမိတော့​၏။

"ဟူး ငါ့သမီး ချစ်တဲ့သူ မြန်မြန်ပေါ်လာစေချင်ပါပြီ"

မိခင် ဖြစ်သူ စကားကြောင့် အယ်မလီ လည်း မိခင်ဖြစ်သူကို ကြည့်လိုက်သည် ။

"ဘာလို့လဲဟင် .."


"မေမေတို့ မြန်မာစကား တစ်ခုရှိတယ်။ အမေပြောတော့ တစ်သက် မယားပြောတော့တမနက် တဲ့ ။ ဆိုလိုရင်းကတော့ ကိုယ့်ချစ်တဲ့သူ ပြောရင် ခဏပဲလို့ ဆိုတာ အဲ့ဒါကြောင့် သမီးကို ဒီအကျင့်လေးတွေမလုပ်ပါနဲ့တော့ ပြောမဲ့ သမီးချစ်လာတဲ့သူကို မေမေဖြင့် တွေ့စေချင်နေပြီ "

အမေလုပ်သူပြောသည့် စကားကြောင့် အယ်မလီလည်း ဟက်ဟက်ပက်ပက်ကို ရယ်တော့သည် ။

"ဟားဟားဟား...ငါ့အမေကတော့ လုပ်ပြီး ။ ဘယ်သူကများ သမီးကို အဲ့လို ထိန်းချုပ်နိုင်မှာမို့လဲ ။ သိရဲ့နဲ့ ....."

အယ်မလီ​လည်း စီးကရက်ဖွာလိုက်ရင်း ပြောသည် ။

"အပြောမကြီးနဲ့ သမီး ။ ထမင်းသာ ကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့တဲ့ ။ ကိုယ် ချစ်တဲ့ သူ စကားဆို ငါ့သမီးက မြေဝယ်မကျ နားထောင်နေမှာ သိပြီးသား ငါ့သမီးအကြောင်းကို "

"မေမေ....သူများ အမေတွေက သူတို့သားသမီး ချစ်သူရမှာ အိမ်ထောင်ကျသွားမှာကို စိတ်ဘယ်လိုပြောရမလဲ ၊ ဟိုလေ "

မြန်မာစကားအား သေချာပြန်စဉ်းစားနေရသည့် အယ်မလီ ပုံမှာ တမျိုးချစ်စရာပင်။

"စိတ်ပူတာ" ဟု မိခင် ဖြစ်သူလည်း စကားထောက်ပေးတော့​၏။

"ဟုတ်တယ် ဟုတ်တယ် စိတ်ပူပန်ကြတယ်လေ ၊ ဘာဖြစ်လို့ မေမေ့ကျမှ"

My Dearest Swe (Completed)Donde viven las historias. Descúbrelo ahora