အခန်း ( ၁၂)

9.7K 678 4
                                    

"ငါတို့ကတော့ နင် ဖြစ်လာမဲ့ပုံကို မြင်ပြီးပြီ "

"တကယ်ကြီးပြောနေတာလား လီလီ" လို့ တွယ်တာလည်း အံ့သြတကြီး ပြောရှာသည်။

"ငါ့ပုံစံက နင့်ကို နောက်နေတယ်များထင်နေသလား"

"တွယ်တာ...ဒီလောက်ဆိုရင်တော့ နင်သိလိုက်တော့ နင့်သူငယ်ချင်း ဂေးသွားပါပြီ"

သစ်သစ်လည်း လီလီ့အပေါ်အတင်း ဂေးဇာတ်သွင်းနေပါတော့သည် ။

"နေပါဦးဆို....။ နင်ကလည်း အတင်းတွေ မလုပ်ပါနဲ့ ၊ အန်တီဆွေက လွယ်ကူတဲ့ သူမဟုတ်ဘူး ချက်ချင်းကြီး လိုက်လို့မရဘူး "

တွယ်တာလည်း သူ အကြောင်းသိနေတဲ့ သူမို့ အတင်းမလုပ်ရန် အကျိုးအကြောင်း ပြောပြတော့၏။

"ငါလည်း အတင်းမလုပ်ယူပါဘူး၊ အချစ်ဆိုတာ အတင်းမှ လုပ်ယူလို့မရတာ ။ ပန်းနဲ့နှိုင်းရရင် အမြင့်မှာ ရှိနေတဲ့ပန်းလေးမို့ မခူးနိုင်သေးရင်တော့ မခူးပါဘူး ၊ အဲသည်လောက်တော့ ငါသိပါတယ် ။ နောက်ပြီးတော့ကာ ......"

အယ်မလီ လည်း ကြိုတွေးထားပုံရသည်။

"အန်တီဆွေက လွန်လွန်လွန်းအောင် ဖြောင့်မတ်လွန်းတဲ့ straightကြီးနော် ၊ လိုက်ဖို့ ခက်မှာတော့ အမှန်" ဟု တွယ်တာဆိုသည်စကားကြောင့် သစ်သစ်လည်း မျက်စောင်းထိုးလိုက်ရင်း ။

"ငါပြောပြီးပါရော ....ဘယ်မိန်းမက 100% "

အယ်မလီ လည်း မဲ့ပြုံးလေး ပြုံးလျှက် သာ ။

"နေပါ အချိန်တန်ရင် ဖြစ်လာလိမ့်မယ်..."

"ငါမေးပါဦးမယ်..." လို့ တွယ်တာလည်း လီလီ့အပေါ် မေးခွန်းတွေ စထုတ်လိုက်သည် ။

"အွန်း...ဘာလဲ "

"အန်တီဆွေက အဖက်ဖက်ကပြည့်စုံနေတာငါတို့ သိတယ် ၊ ဒါပေမဲ့ နင် ဘယ်ကနေ ဘယ်လို ချစ်မိသွားတာလဲ သူ့အပေါ် "

အယ်မလီ လည်း မေးခွန်းကြောင့် တွေးဝေသွားသည်။

"ငါ အခြား lesbian အတွဲတွေ Gay အတွဲတွေ အများကြီး ပွင့်ပွင့်လင်းလင်း ထင်ထင်သာသာ မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ ဘယ်လိုမှ မခံစားခဲ့ရဖူးဘူး၊ ဒါလည်း အချစ်ပဲလေ ။ သူတို့လည်း လူပဲ ဒီလောက်ပဲ ။ ပြီးတော့ ......ပြီးတော့ ငါအယ်လ်ဘက်နဲ့တွဲနေတုန်းက မှတ်မှတ်ရရ ငါ စိတ်ငါ ပြန်မေးမိခဲ့တယ် ။ ငါ မိန်းမချင်းများ စိတ်ဝင်စားနေမိသလားလို့လေ ။ ငါ အဖြေက ဟိုမရောက် ဒီမရောက်တွေဖြစ်လာတော့ ငါ အယ်လ်ဘက်နဲ့ လမ်းခွဲခဲ့တ​ယ် ။ ဒါပေမဲ့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ။ အဲ့ဒါက ဘာလဲဆိုတော့ အမျိူးသမီး တစ်ယောက်ကို ငါ ချစ်လိမ့်မယ်ဆိုပြီ ၊ အခုက ငါကိုယ်တိုင်တောင်မသိပဲ ငါရဲ့နှလုံးသားက ထုတ်ပြန်ချက် ချလိုက်တာက ငါသူ့ကိုသဘောကျနေမိတယ်ဆိုတာပဲ"

My Dearest Swe (Completed)Where stories live. Discover now