အခန်း ( ၂၀)​

9.9K 657 4
                                    

"တောင်းပန်ပါတယ်..။ လီလီ ဒေါက်တာနဲ့ပတ်သတ်တာဆို သေးသေးကအစ သိချင်နေတာ၊ တောင်းပန်ပါတယ်နော် "

"ဘာဖြစ်လို့လဲ "

"ချစ်လို့..."

"ဟွန်းနော် လုပ်လာပြီ ။ လူကြီးကို " ဟု ဆိုရင်း ဆွေနုရည် လည်း မျက်စောင်းလေးထိုးလျှက်ဆိုပေမဲ့အခြေအနေမှမဆိုးလှဟု အယ်မလီ ထင်မိသည် ။

~~~~

ကတ္တရာလမ်းမကြီး ထက်သို့ စက်ဘီးစီးလာနေမိသည် ။ မြူနှင်းများလည်း ကျဆင်းနေပြီး ရှေ့ကိုလည်း ဝိုးတဝါးသာ မြင်ရ၏၊ သို့သော်လည်း မည်သည်ကို သွားမည်ဟု ဆုံးဖြတ်ချက် ချထားခြင်းမရှိပဲ ရှေ့ကိုသာ စီးနင်းလာသူမှာ ဆွေနုရည်။

"ဆွေ...ဆွေ ရေ " ဟု လှမ်းခေါ်သံကြားသည့်အတွက် စက်ဘီးအား လမ်းဘေးတွင် ရပ်လိုက်ပြီး အသံကြားရာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ထို အချိန်မလှမ်းမကမ်းတွင် ရှိနေသည့် သူငယ်ချင်းဖြစ်သူ လင်းလင်း ကိုတွေ့လိုက်ရ၏။

"လင်း....လင်းလင်း "

ဆွေနုရည် အံ့သြမိသွားသည် ။

"ဆွေရေ..."

လင်းလင်း၏ နောက်ကျောတွင် ဂစ်တာအိတ်ကိုလည်း လွယ်ထားသေးသည်။ ထို့နောက် လင်းလင်းလည်း ဆွေနုရည် ရှိရာဆီသို့ ပြေးလာနေတော့သည်။ ထိုအချိန် လမ်းမကြီးမှာလည်း ရှင်းလင်းနေသည်။ သို့ပေမဲ့လည်း ကုန်တင်ကားတစ်စီးမှာ မည်သည့်နေရာကမှန်းမသိ ရုတ်တရက်ပေါ်လာပြီး ပြေးလာသူ လင်းလင်းအား တိုက်ချသွားသည် ။ ထိုသည်ကို မြင်လိုက်ရသည့် ဆွေနုရည်လည်း ပါးစပ်အဟောင်းသားနှင့်အတူ မျက်ရည်များကျဆင်းရင်း ကျန်ခဲ့သည် ။

"အား....."

အိပ်မက်ဆိုးနှင့်အတူ လန့်ကာ နိုးထလာသူ ဆွေနုရည်။ တစ်ကိုယ်လုံးလည်း တုန်ယင်နေပြီး ချွေးတွေနှင့်လည်း စိုရွဲနေသည်။သူမ၏လက်များမှာ တုန်ယင်နေသဖြင့် သူမကိုယ်သူမ မနည်းတည်ငြိမ်ကျသွားအောင်လုပ်နေရပြီး စာကြည့်စားပွဲရှိရာဆီသို့ ဦးတည်လာတော့သည် ။ ထိုအချိန် ခြေထောက်များမှာလည်း အားမရှိနေသည့်အတွက် မနည်းအားတင်းလျှက် လျှောက်လာတော့၏။စားပွဲပေါ်တွင် တင်ထားသည့် ရေခွက်အား ရေထည့်ရင်း သောက်လိုက်တော့သည် ။ ပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ရင်း အသက်ပြင်းပြင်း ရှူရိုက်လိုက်တော့၏။

My Dearest Swe (Completed)Where stories live. Discover now