အခန်း (၂၄)

9.6K 639 0
                                    

ခပ်မြန်မြန် ခြေလှမ်းများနှင့် ပြာပြာသလဲ လျှောက်လာပေမဲ့ သူ့ကြတော့ လှသည် ။ ထိုသူမှာ ဆွေနုရည် ၊ ဆံပင်သာ ဖရိုဖရဲ နိုင်နေပေမဲ့ သူ့ကြတော့ တမျိုးလေး ကြည့်ကောင်းနေပြန်သည်။ ထိုအမျိုးသမီးဟာ အလှတွေချည်းသာ ပိုင်ဆိုင်ထားသလားပင် ။

"ဆွေ.."

နောက်မှ လှမ်းခေါ်သူ ဖီလစ်ကြောင့် ဆွေနုရည် ရပ်တန့်သွားသည်။

"ဖီလစ်..."

"အင်း...ဘယ်လိုတွေဖြစ်တုန်း၊ ကပိုကရိုနဲ့ ။ ဒေါ်ဆွေနုရည်ဆိုတဲ့ အမျိုးသမီးက ဒီလို အမျိူးသမီးမှမဟုတ်ပဲကိုး "

ဆွေနုရည် လည်း ဖီလစ် ပုခုံးကို ဖွဖွလေး ပုတ်လိုက်ရင်း ။

"အောင်မယ်လေး တစ်ခါတလေတော့ လူပဲ ၊ အိပ်ယာ ထ နောက်ကျတာတို့ အပြင်အဆင်တို့နောက်ကျတာတို့ ရှိတတ်တာပါပဲလေ"

ဖီလစ်လည်း ဆွေနုရည်ကို သေချာ ကြည့်ရင်း ။

"အင်း..ရတယ်လေ။ ဒါပေမဲ့ အခြားသူမှ မဟုတ်တာ ဆွေနုရည်လေ"

ဒီစကားသည် သူ၏ အချိန်လေးစားမှုနှင့်အလုပ်ကို အလေးထားမှုကို ချီးကျူးသည့် စကားဆိုတာ သိပေမဲ့လည်း ပြုံးလျှက်သာ မလှမ်းမကမ်းရှိ toilet ထဲ ဝင်သွားရင်း မှန်ရှေ့တွင် ရပ်လိုက်သည် ။ထို့နောက် သူ့​၏ လက်ကိုင်အိတ်ထဲမှ အလှပြင်ပစ္စည်းတချို့ထုတ်ကာ သူမ မျက်နှာပေါ် တင်လိုက်သည် ။ အနောက်မှ ပါလာသော ဖီလစ် လည်း ခါးထောက်လျှက် ဆွေနုရည် အားပြုံးလျှက် ကြည့်နေသည်။ အိမ်သာထဲမှ ထွက်လာသော ဖီလစ်အကြောင်းမသိသော သူနာပြုမလေးများမှလည်း ဖီလစ်ကို မြင်သော အခါ လန့်သွားကြ​၏။

"Woman..Woman" ဟု ဖီလစ်လည်း လေသံသဲ့သဲ့နှင့် သူမရင်ဘတ်ကို ဖိလိုက်လျှက် ပြောသည့်ပုံကြောင့် ဆွေနုရည် လည်း ပြုံးလိုက်မိသည်။

"ဒေါ်ဆွေနုရည်..."

"ရှင့်......"

ဆွေနုရည်လည်း သူမ မျက်တောင်များကို ကော့နေရင်း ဖြေနေရသည်။ ဖီလစ်လည်း ရှိသည့် အိမ်သာခန်းများအား လိုက်ကြည့်ရင်း လူမရှိသည် သေချာကာမှ ဆွေနုရည် နားသို့ ပြန်လျှောက်လာသည် ။

My Dearest Swe (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ