ထိုအချိန် အယ်မလီ ရှေ့သို့ ရပ်လိုက်သည့် ခြေထောက်တစ်စုံပိုင်ရှင် ။
"တွေ့တတ်တယ်နော် ...ဒါရေစက်များလား" ဟုဆိုသူမှာ လဲ့နုရည် ပင် ။
"ထပ်တွေ့ပြန်ပြီနော် " ဟု အယ်မလီ လည်း ပြုံးကာ ပြန်နှုတ်ဆက်သည်။
"တွေ့တတ်ဆုံတတ်လွန်းတဲ့ ဆုကို တို့နှစ်ယောက်ရမယ်ထင်တယ် "
ထိုကဲ့သို့ ပြောလိုက်သည့် လဲ့နုရည်၏ ပုံသဏ္ဌာန်မှာ ဆွေနုရည်၏ ညီမဖြစ်သူမှန်းသိသော်လည်း ဆွေနုရည် အငွေ့အသက် ပါနေသည်ကို အယ်မလီ သတိထားမိလိုက်သည်။
"ဒီက တစ်ယောက်က လီလီသိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အရမ်းတူတာပဲ"
"ဟိတ် တို့ နာမည်က ဒီကတစ်ယောက်မဟုတ်ဘူးနော် ၊ တို့နာမည်က လဲ့.."
သူ၏ နာမည်ကိုပြောမည့်အချိန် အနောက်မှ လှမ်းခေါ်နေသည့် အသံကြောင့် လဲ့နုရည်လည်း လှည့်ကာ ထွက်သွားတော့၏။"ဟိတ်...နောက်မှတွေ့ကြတာပေါ့ "
"ဟုတ် .."
အယ်မလီ လည်း ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် ဆွေနုရည် အလာကို သာ စောင့်နေတော့၏။ ထိုစဥ် မိုးစက်များမှာလည်း ကျဆင်းလို့လာလေသည် ။
"မလာတော့ဘူးလား မသိဘူး " ဟု တွေးမိရင်း အယ်မလီလည်း ဆက်စောင့်နေသည် ။
မိုးစက်များမှာလည်း မျက်နှာသာမပေးပဲ ပိုမိုသာများပြားလာသည့် ပမာဏနှင့် သာ ရွာသွန်းလာသည် ။ပွဲမှာလည်း စနေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း အစောင့်များမှာလည်းမိုးရွာနေသည့်အချိန် အပြင်မှာစောင့်နေသော အယ်မလီ အား လှမ်းပြောတော့သည်။
"ညီမ ..ညီမ ပွဲက စနေပြီနော် ။ မိုးတွေပိုသည်းမလာခင် အထဲ ဝင်ပါတော့လားဟင်"
"ဟုတ် ..ဟိုလေ ရတယ် ညီမ လူစောင့်နေလို့ပါ"
အယ်မလီ လည်း ဆွေနုရည် အလာကို မိုးသည်းထဲတွင် ဇွဲရှိရှိ စောင့်ကာနေမိသည် ။ တဖြေးဖြေး အချိန်မှာ တစ်နာရီ နီးနီး ကြာမြင့်လို့လာခဲ့ပေမဲ့ စောင့်နေသူ အယ်မလီအဖို့တော့ ဆယ်နှစ်လောက်ကြာသကဲ့သို့ ခံစားမိနေသည် ။ သူမ၏ ခြေထောက်ပေါ်သို့ ကျဆင်းလာသည့် မိုးစက်လေးများအား ကြည့်နေမိသည် ။ ထိုအချိန် သူမရှေ့တည့်တည့်သို့ ရောက်လာသည့် ခြေထောက်တစ်စုံကြောင့် မျက်နှာလေးအားမောကြည့်လိုက်ကာမှ သူမအား ထီးမိုးပေးနေသည့် ဆွေနုရည်ကို တွေ့လိုက်ရသည် ။
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်