ကားပေါ်သို့ရောက်သောအခါ တော်ရုံနှင့်မမောင်းပဲ ဆွေနုရည် အတွေးတွေ နယ်ချဲ့နေသည်။ မနေ့ညက ပုံ ပြန့် လာရသည့်အကြောင်းနှင့် ဒီပုံရိုက်ခဲ့သည့် လူ ကို ဆွေ သိချင်နေမိသည်။သူတို့နှစ်ယောက်သာ သိသည့် ဒီကိစ္စမှာ ပုံပြန့်လာခြင်း၏ အကြောင်းကို ဆွေနုရည်မသိပေ ။ ဖီလစ်ကို အယ်မလီအပေါ် ချစ်ကြောင်း ဝန်ခံရသည်မှာ ဆွေနုရည်အဖို့မခက်ခဲပေမဲ့ အိမ်ရှိ အစ်မ ဖြစ်သူလင်မယားနှင့် ညီမ ဖြစ်သူ အပါအဝင် ပတ်ဝန်းကျင်ကို ဆွေ ရှက်နေမိသည်မှာ အမှန် ။
"ဆွေနုရည်..ဘာဆက်လုပ်မှာလဲ " လို့ သူမ ဘာသာမေးလိုက်ရင်း ကားကို အနီးဆုံး city mart ရှိရာဆီသို့ မောင်းနှင်လာသည် ။ city mart သို့ ရောက်သောအခါ စျေးခြင်းကို ယူလိုက်ရင်း စျေးဝယ်ထွက်နေမိသည်။ ဝယ်ယူနေမိသည် မှာ အခြားဟာ မဟုတ်ပဲ readymade မုန့်များနှင့် အအေးဗူးများသာ ၊ ထို့နောက် city mart မှ အပြန် သားဖြစ်သူ ၏ အိမ်သို့ ဦးတည်လာတော့သည် ။
"မေမေ....ဖုန်းမဆက်ပဲ ရောက်လာတယ် ၊ တော်သေးတာပေါ့ ဒီနေ့ work from home မို့ " ဟု ဆွေနုရည်ကို သားထက်လည်း ဦးစွာ ပြောတော့၏။သားထက် ကြည့်ရတာလည်း အတော့်ကို အံ့သြနေသည်ပုံ ။
"အင်း..."
မျက်နှာ အနည်းငယ် ပျက်နေသည့် ဆွေနုရည်ကို သားထက် ကြည့်နေမိပေမဲ့ မည်သည့် အတွက်ကြောင့် ဖြစ်နေသနည်းဆိုသည်ကို တော့ သားထက်မသိချေ။ ဆိုဖာပေါ်တွင် ထိုင်ရင်း မည်သည့် စကားမှမပြောပဲ တိတ်ဆိတ်နေသည့် ဆွေနုရည်ကြောင့် သားထက်လည်း အနေခက်လာမိသည် ။
"မေမေ...."
"အင်း ..."
"သားကို ပြောစရာ တစ်ခုခုများရှိလို့လား၊ ဒါမှ မဟုတ် တစ်ခုခုများ မကောင်းတာ ..."
ဆွေနုရည် လည်း သားထက် မျက်လုံးများကို သေချာကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်ကာ
"သား ..."
"ဗျာ အမေ "
"အမေအနေနဲ့ ..သားကို မပြောပြခဲ့တာတွေ အများကြီးရှိတယ်သား ၊ မပြောချင်တော့တာတွေလည်း ရှိတယ် အကြောင်းကတော မေမေသည် မကြာခင် ၅၀တန်းအရွယ်ဝင်တော့မယ် ဒါတွေပြန်ပြောရမှာကိုလည်း မေမေရှက်တယ် "
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်