"ဟဲ့ ကောင်မလေး ဘယ်တုန်း ဒီအချိန်ကြီး "
ရေးကြီး သုတ်ပျာ ဆင်းလာသည့် ဆွေ နုရည်ကို ဧည့်ခန်းထဲ မှ အစ်မ လုပ်သူ လည်း မေးသည် ။
"ဒီနား ဒီနား ...." ဟု ဖြေရင်း ခြံထဲရှိ သူမ ကားအားစက်နိုးကာ ထွက်သွားတော့သည် ။
တစ်လမ်းလုံးလည်း အယ်မလီ နဲ့ စတင် တွေ့ဆုံပုံများကို တွေးရင်း ပြုံးလျှက်သာ။ အိမ်နှင့် နီးသည့်အတွက် ဆွေနုရည် မှာ ကော်ဖီဆိုင်ရှေ့သို့ အရင်ရောက်လာသည် ။ အချိန်မှာလည်း မနည်းပြီ ဖြစ်သည့်အတွက် ကော်ဖီ ဆိုင်မှာလည်း ပိတ်ဖို့တောင်ပြင်နေလေပြီ ။ ဆွေ နုရည်လည်း ကားပေါ်မှ မဆင်းပဲ အယ်မလီ့အလာကို စောင့်နေမိသည် ။ ကား အဲလ်ကွန်းလေ အား အနည်းငယ်လျော့လိုက်သည်။ သူမ၏ နှလုံးသားမှာ တော်တော့်ကို ခုန်နေသည်ကို သူမသိသည်။ သူမ၏ လက်ချောင်းလေးများကို နှိပ်နယ်နေသည့် ဆွေနုရည်၏ ပုံစံမှာ ဆယ်ကျော်သက်လေးနှင့်တောင်တူနေသည်။ ထို့နောက် သိပ်မကြာ သူမ၏ ကားရှေ့တွင် ရပ်လိုက်သည့် ကားကို မြင်တော့ ဆွေနုရည် ပြုံးသွားသည့် ပုံမှာ ကလေးဆန်သည် ။ သိပ်မကြာ သူမ ရှေ့တွင် ရပ်ထားသည့် ကားပေါ်မှ အယ်မလီဆင်းလာသည် ။ ဆွေနုရည် လည်း ကားပေါ်ကနေ လက်ဟန်ခြေဟန် နှင့် သူမ ကားပေါ် တက်ခဲ့ရန် ဆိုနေသည် ။
အယ်မလီ လည်း တဒိတ်ဒိတ်ခုန်နေသည့်ရင်ခုန်သံများကို အဖော်ပြုရင်း ....
"ဒေါက်တာ ......"
ခေါ်သာ ခေါ်မိသည် ၊ အယ်မလီ မှာ ဆွေနုရည် ကို လုံးဝ မကြည့်ပေ ။
"ဒီနေ့ကျ ထူးထူးဆန်းဆန်း လူကို ကြည့်တောင်မကြည့်ပါလားလေ " လို့ ဆွေ နုရည် မှ ဆိုသည် ။
"ရှင် ...."
"အင်းလေ ....အရင်ကဆို မျက်စိ ကျွတ်ကျမတတ် ကြည့်တဲ့သူက ၊ အခုများကျ ...။ ဘာဖြစ်နေတာတုန်း "
"တော်တော်လန့်နေတာ ...."
"ဘာကိုလဲ..."
"ဒေါက်တာက ရုတ်တရက်ကြီး တွေ့ဖို့ခေါ်တော့လေ ...၊ လီလီ များ တစ်ခုခု အမှားလုပ်ထားမိသလားလို့ တွေးပြီး ပူနေမိတာ "
"အင်း ..."
ဆွေနုရည် အဖြေကြောင့် အယ်မလီ လည်း လန့်သွားသည် ။
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်