အခန်း ( ၅ )

11.2K 759 1
                                    

"ပုဆိုးဝတ်တဲ့သူနှစ်ယောက်ကလည်း အိမ်ထောင်တစ်ခုကိုသာသာယာယာဖန်တီးနိုင်သလို၊ ထမီဝတ်တဲ့သူနှစ်ယောက်ကလည်း အိမ်ထောင်တစ်ခုကိုဖန်တီးနိုင်တာပေါ့။ ဒါတွေက အရင်ခေတ်က လူကြီးတွေအတွက် နားမလည်နိုင်တဲ့ကိစ္စ ဖြစ်နေပေမဲ့ တကယ်တမ်းကျ Love is Love ပဲလေ ။ လူနှစ်ယောက် ချစ်တာကို မိန်းမကလည်း ယောက်ျားမှ ချစ်ရမယ် ၊ ယောက်ျားသည်လည်း မိန်းမ မှ ချစ်ရမယ်ဆိုတဲ့ စည်းမျဥ်းမှ မရှိပဲ ။"

ထိုစကားကြောင့် တစ်ကားလုံး အသံတစ်ခဏတိတ်ဆိတ်သွားရင်း သိပ်မကြာ

"သားသိလား...အချစ်မှမဟုတ်ဘူး မေတ္တာသည်လည်း ထိုနည်းတိုင်းပဲ ။ဘာလို့လဲဆိုတော့ အချစ်နဲ့ မေတ္တာက တူတူပဲကိုး ...မေတ္တာရှိပြီးတော့မှ အချစ်က ဖြစ်လာသလို ၊ချစ်ပြီးသွားကာမှ လည်း မေတ္တာရှိသွားတာလေ ။ ဒါကြောင့် မေမေတို့ ဟာ အဲ့ဒါတွေကို စည်းမျဉ်းတွေထားလို့မရဘူး ။ ဟိုလူကိုမှချစ်ရမယ် ဒီလူကိုတော့မချစ်ရဘူး ဟိုလူကိုတော့ မေတ္တာထားလိုက်မယ် ဒီလူကိုတော့ မေတ္တာမထားတော့ဘူး လုပ်လို့ရလို့လား၊ အချစ်ကို စည်းမျဉ်းတွေ သတ်မှတ်ချက်တွေထားလိုက်ရင် တချိန်ကျ အဲ့စည်းမျဉ်းတွေက တဖန်ပြန်ပြီ ဒုက္ခရောက်လိမ့်မယ်"

ထိုကဲ့သို့ပြောနေသည့် ဆွေနုရည်​၏ပုံစံကို သားဖြစ်သူ ထက် အင်မတန် သဘောကျနေတော့သည်။

"မေမေ ..ကျွန်တော်လေ ဟိုးငယ်ငယ်လေးကတည်းက မေမေပြောတဲ့စကားလေးတွေကို စာအုပ်ထဲရေးထားလေ့ရှိတယ် ၊ ဒီနေ့ပြန်ရောက်ရင်လည်း အဲ့စာအုပ်လေးထဲမှာ ရေးစရာတွေများတော့မှာ မြင်ယောင်သေး"

"အို..ကလေးရယ် ပညာရှင်တွေစကားဆို အဲ့လိုမှတ်ထားရတယ် ၊ မေမေက ပညာရှင်တစ်ယောက်မှ မဟုတ်တာသားရဲ့" ဟု ပြောကာ သူမ လက်ထဲရှိ ခြုံပုဝါလေးကို သေချာပြန်ခေါက်နေတော့သည်။

"ဒါပေမဲ့ မေမေ့က ကျွန်တော်ရဲ့ ဟီးရိုးကြီးလေ ၊ကျွန်တော့်ဘဝကို မေမေကယ်ပေးခဲ့တယ် ကျောင်းလည်း ဘွဲ့ရသည့်အထိ မေမေထားပေးခဲ့တယ် ၊ ဒါအပြင်လည်း ကျွန်တော်စိတ်ပင်ပန်းရတိုင်း မေမေရဲ့ ဆုံးမစကားတွေက စိတ်ကို လန်းဆန်းစေတယ် မေမေ့ က ကျွန်တော်ရဲ့ motivated speaker လေ တစ်ခါတစ်ရံကျ မေမေ့ကို ကျွန်တော်သိပ်အားနာရတယ် ။ ပြီး ...သိပ်သနားတာပဲ "

My Dearest Swe (Completed)Where stories live. Discover now