"အချစ်က အချစ်ပါပဲ ...။ အဖြူကလည်း အဖြူကို ချစ်နိုင်သလို ...၊ အမည်းကလည်း အမည်းကို ချစ်နိုင်ပါတယ် ..။အမြဲတမ်း အဖြူဆိုတာ အမည်းနဲ့ပဲ လိုက်တယ် ဆိုပြီး တွေးထားတဲ့ mind set ကြီးကို အရင်ပြင်လိုက်ပါ"ဟု ပြောရင်း ထွက်သွားတော့သည်။
ထိုကဲ့သို့ ပြောရင်း ထွက်သွားသည့် ဆွေ့ကို အနားရှိ သူနာပြုမလေးများလည်း တအံ့တသြနှင့် ကြည့်ရင်း ကျန်ခဲ့ကြသည်။
"ဟဲ့ ...ငါတို့ ဆေးရုံ အုပ်ကြီးက ပြောတတ်လိုက်တာ "
"စမတ်ကျလိုက်တာ ...၊ အချက်အလက်နဲ့ကိုပြောသွားတာ တော်လိုက်တာ"
ချီးကျူးသံများနှင့် ဝေဆာသွားတော့သည်။ ဆွေနုရည် လည်း သူ့၏အလုပ်ခန်းတွင် မောမောနှင့် ထိုင်လိုက်တော့သည်။
"ဘယ်လို လူတွေနဲ့ တွေ့နေရမှန်းမသိဘူး "
ထိုစဥ် ဒေါက်ဖိနပ်အသံ အား ကြားလိုက်ရသည်။
"ဟော..ရောက်လာပြီးပဲ "
လေဒီရှူး အနီ အား ဆင်မြန်းထားကာ စတိုင်ဘောင်းဘီအရှည်နှင့် shirt ကို ဝတ်ဆင်ထားသူမှာ ဖီလစ်ချမ်း ။ ဒေါက်တာ တစ်ဦးလည်း ဖြစ်ပြီး ဒုတိယ ဆေးရုံအုပ်ကြီးလည်း ဖြစ်သည်။
"ဒေါက် ဒေါက် " တံခါးခေါက်သံ အရင်ပြုတော့သည်။
"ဝင်လာပါရှင် "
ဆွေနုရည် လည်း ဝင်ခွင့်ပြုလိုက်သည်။
"ဒေါ်ဆွေ...." ဟု ခေါ်ရင်း မဲ့ပြုံးပြုံးကာ ဆွေနုရည် အခန်းထဲ သို့ ဝင်လာတော့၏။
"ဖီလစ်." ဟု ခေါ်ရင်း ဆွေနုရည် လည်း ထသွားရင်း ဖက်ကာ နှုတ်ဆက်နေတော့သည်။
"ဒေါ်ဆွေတို့ကတော့ ကြာလေနုလေပဲ "
ဖီလစ်ချမ်းမှာ ဆွေ့ထက် ၃ နှစ်တိတိကြီးသည် ။ ဖီလစ် ယောက်ျားလည်းဆန်သလို အနည်းငယ်လည်း ကိုယ်လုံးကြီးသည်။ လွန်ခဲ့သည့် ၁ နှစ်က uk တွင် ပညာသင်ထွက်သွားခဲ့သည့် ဆရာဝန်တစ်ဦးလည်း ဖြစ်ပြီး ဆွေနုရည်၏ အရင်းနှီးဆုံး သူစိမ်းလို့လည်း ဆိုရလေမည် ။
"ဖီလစ် ရယ် ...ကျွန်မလာကြိုပါ့မယ် ဆိုတာကိုတောင် ငြင်းပြီ ၊ တစ်ယောက်တည်းပြန်လာရတာ ပျော်ရဲ့လားဟင် " လို့ ဖီလစ်၏ ကျစ်ကျစ်ပါအောင် ဖက်ခြင်းကို ခံထားရသည့် ဆွေနုရည် လည်း ရိရိသဲ့သဲ့ ပြန်ပြောတော့သည်။
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်