"မေမေ တစ်ရက်ကလေးမှ မပျော်ခဲ့ရဘူး ဒေါက်တာ ..."
လိပ်ပြာစကားကြောင့် ဆွေနုရည် လည်း ပြုံးလိုက်သည် ။သို့သော် ထို အပြုံးမှာ နာကျင်မှုများစွာ ပါဝင်သည် ။
"သမီး မေမေ မပျော်ခဲ့ရုံပါ ....အန်တီက အန်တီက မပွင့်လန်းခဲ့ရသူပါ "
ထိုစကားကြောင့် လိပ်ပြာလည်း ဒေါက်တာဆွေနုရည်ကို ကြည့်လိုက်သည် ။
"သမီး အမေက တစ်ခုခု ခံစားရတယ်ဆိုရင်တောင် သူမှာ သမီးတို့ရှိတဲ့အတွက် ခံသာမှာပါ ။အန်တီက ဘယ်ရင်ခွင်ကိုမှ ပြန်နားခွင်မရှိဘူး ။ နောက်ပြီးတော့ကာ ပြီးနေပြီသား ကိစ္စတွေကို ဒီလို ပြန်ပြီး တူးဖော်တာဟာ သမီး အမေအတွက်လည်း မကောင်းသလို အန်တီ့ အတွက်လည်း မကောင်းပါဘူး "
"တောင်းပန်ပါတယ် ဒေါက်တာ ....."
ဆွေနုရည် ပြုံးလိုက်ရင်း သာ ။
"မဟုတ်တာပါပဲ သမီးရယ် ...။ ဒါ အန်တီ့ဘဝ ပဲ ၊ အန်တီ နေတတ်ပါတယ်။ နေလာတာဖြင့် နှစ်တွေကြာခဲ့ပြီပဲ ။ အခုလို ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး ..ဒီလိုပုံစံတွေ ဖြစ်လာတာက မှ အန်တီ့အတွက် မကောင်းတာပါ ။ ဒါကြောင့် သမီး အန်တီ ပြောချင်တာကို နားလည်မယ်ထင်ပါရဲ့ .." ဟု ဆိုရင်း ဆွေနုရည် လည်း ထိုနေရာမှ ထထွက်သွားတော့သည် ။ ထို အချိန် အခန်းဝ တွင်ရပ်နေသည့် အယ်မလီ့ကို တွေ့လိုက်ရသည် ။
"လီလီ....."
ဆွေနုရည် ခြေလှမ်းများ ရပ်တန့်သွားသည် ။ အယ်မလီ လည်း ဆွေနုရည်ကို ပြုံးပြလိုက်သည် ။ထို့နောက်နှစ်ယောက်သား ဆွေနုရည်ကားပေါ်တွင် ထိုင်လျှက် စကားပြောရန် ပြင်တော့သည် ။သို့သော်လည်း နှစ်ယောက်စလုံး တိတ်ဆိတ်နေသည် ။
"ဒေါက်တာ..."
အယ်မလီ မှ စကား အရင်စလိုက်သည် ။
"အွန်း...."
"ဒေါက်တာက စီးကရက် မသောက်ပါနဲ့လား လို့ပြောတော့ လီလီ ချက်ချင်းဆိုသလို ကြိုးစားပြီး ဖျက်ခဲ့တယ် "
အယ်မလီ စကားပြောနေသည်ကို ဆွေလည်း အယ်မလီ့ကို ကြည့်လျှက် နားထောင်နေမိသည်။
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်