အခန်း (၂၃ )

9.7K 636 6
                                    

"ဟ...စိတ်ကူးယဥ်တွေက အနံ့တွေပါ ပါတာလား ၊ အင်း ငါတော့ next level တစ်ခုရောက်နှင့်နေပြီပဲ ...ဟူး ..မွှေးလိုက်တာ " ဟုမျက်လုံးပိတ်ရင်း အနားသို့ ဖြေးညှင်းစွာကပ်ရင်း ရှုရှိုက်နေရင်း ။ ဆွေနုရည်လည်း အနောက်သို့ လှည့်လာစဥ် အသံမပေးပဲ ငြိမ်ကာရပ်နေသည့် အယ်မလီကို မြင်လိုက်ရသည့်အတွက် လန့်သွားတော့သည်။

"အောင်မလေး မြတ်စွာဘုရား..."

ထို အချိန် နှစ်ယောက်သား၏ နီးကပ်မှုမှာ အနည်းငယ်သာ ကွာတော့သည် ။ မည်သည့် စကားမှ မပြောနိုင်ပဲ အယ်မလီ​တစ်ယောက် ရှေ့ရှိ ဆွေနုရည်၏ မျက်ဝန်းညိုများကို သာ ကြည့်နေမိသည် ။ သူမသဘောကျရတဲ့ မျက်ဝန်းညိုများ အား ဒီလောက်နီးနီးကပ်ကပ် မြင်ရလိမ့်မည်ဟု အယ်မလီ မတွေးဖူးပေ။ဆွေနုရည်၏ အညိုရောင်မျက်ဝန်းများမှာ အယ်မလီ အဖို့ တန်ဖိုးရှိလှသည့်အပြင် တကယ့်ကို မူးရစ်စေသည့် ဆေးတစ်ခွက်နှင့်တူသည်။အဲ့သည်လောက် စူးစူးစိုက်စိုက် ကြည့်ရှု့ခြင်းကို မခံဖူးနေသည့် ဆွေနုရည်လည်း အယ်မလီအကြည့်များကြောင့် ရင်ခုန်လာမိသည်ကို ဆွေနုရည်တစ်ယောက် ကောင်းစွာ သတိထားမိသည်။

"နောက်ကို နဲနဲ ဆုတ်ပေးလေ "

ဆွေနုရည်၏ အသံမှာ အားပျော့လို့နေသည် ။ ထိုအချိန်ကျမှ အယ်မလီလည်း သတိပြန်ဝင်လာသည် ။ထို့ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း ။

"ဒေါက်တာ ...."

"အွန်း ..."

"တကယ် ဒေါက်..ဒေါက်တာ ဆွေနုရည် ဟုတ်ပါတယ်နော် "

"ဟုတ်တယ်လေ ..၊ ဘာလို့လဲ တို့မျက်နှာမှာ တစ်ခုခု များပေနေသလား "

"ဟွန့်အွန်း ...၊ အိမ်မက်များလာ ..." ဟု ဆိုရင်း သူမ ပါးကို သူမ ညစ်ကြည့်လိုက်သည် ။

"အား နာလိုက်တာ " ဟု ညည်းသံထွက်လာသည့် အယ်မလီ အမူအရာမှာ ကလေးဆန်လေသည် ။ ထို အမူအရာကိုကြည့်ရင်း ဆွေနုရည် ပြုံးလိုက်ရင်း..။

"နေရော ကောင်းရဲ့လား သမီး ၊ သက်သာရဲ့လား " ဟု ဆိုလျှက် အယ်မလီ​နဖူး ပေါ် လက်တင်လိုက်သည် ။ ထိုကဲ့သို့ နွေးထွေးသည့် အပြုအမှုမျိုး စောင့်ရှောက်ပေးမှုများ အယ်မလီ​တစ်ခါလေးမှတောင် မရခဲ့ချေ။ သူမအား အဖျား စမ်း နေသည့် ဆွေ့ကို ကြည့်ရင်း အယ်မလီ အချစ်စိတ်များ ပိုမို ပြင်းထန်လာသည် ။ ချက်ချင်းဆိုသလို အယ်မလီ​နောက်ကိုပိုတိုးကာ ဆုတ်လိုက်သည် ။

My Dearest Swe (Completed)Where stories live. Discover now