အခန်း ( ၁၅)

9.6K 682 9
                                    

ဒေါက်တာ ဆွေနုရည်လည်း သူ့မျက်နှာလေးအား အောက်သို့ စိုက်လျှက် ရယ်နေတော့သည်။

"မိုနာလီဆာ ရှုံးတယ် ..." အယ်မလီ လည်း အမှတ်မထင် ပြောလိုက်တော့၏။ထိုစကားကို သူမကိုယ် သူမ သတိမထားမိပဲ ပြောလိုက်ခြင်းသာ ။

ထိုစကားကြောင့် ဒေါက်တာဆွေနုရည်မှာမှု မျက်လုံးလေးပင့်လျှက် အယ်မလီ အား ကြည့်လိုက်ရင်း...။

"ဘာဖြစ်တယ်..."

"မိုနာလီဆာ ရှုံးမယ် လို့ ။ ဒေါက်တာ့အပြုံးက ရူးလောက်တယ်"

ဆွေနုရည်လည်း တခစ်ခစ် ရယ်မိသည်။

"ဟားဟားဟား....။ ဒီကလေးနှဲ့ ကျွန်မ ဖြင့် ရင်တောင်ခုန်သွားတယ် ..."

ဆွေနုရည် မှာပင် တခစ်ခစ်ရယ်နေသော်လည်း အယ်မလီမှာတော့ မျက်နှာမှာ လုံးဝ ကို တည်နေတော့သည်။

"တကယ် လှတာ .....၊ မြန်မာ ပြည်မှာ အလှဆုံး အမျိုးသမီးလို့ စာရင်းဝင်လောက်တယ် ။ ဒါမှမဟုတ် တစ်ယောက်တည်းရှိတဲ့ အလှဆုံးမိန်းမများလား "

ဆွေ နုရည် လည်း သူမ အား ထိုကဲ့သို့ ပြောနေသည့် အယ်မလီ မျက်လုံးများကို သေချာစိုက်ကြည့်နေမိ၏။ ထီး ပေါ်သို့ ကျဆင်းသက်လာသည့် မိုးစက်လေးများမှာလည်း ရုတ်တရက် ဆိုသလို ချိုတေးသံသာလားတောင် ထင်မှတ်ရသည့်အထိပင် ။ဆွေနုရည် ထက် အနည်းငယ် အရပ်ပို ရှည်နေသည့် အယ်မလီကို မျက်လုံးလေး ပင့်လျှက် ကြည့်သည့် ဆွေနုရည် အကြည့်မှာ ထူးကဲလှသည်။ ထို့နောက် ဆွေနုရည်လည်း အကြည့်များအား ပြန်ပယ်ချလိုက်ရင်း ...။

"ကဲ ...ဒါဖြင့် အန်တီ သွားတော့မယ် ။ နောက်မှ ဆုံကြတာပေါ့ "

အယ်မလီ လည်း ဆွေနုရည်အား ထီးလိုက်စောင်းပေးရင်း ကားပေါ်သို့ ပို့ပေးနေတော့သည်။ကားပေါ်သို့ ရောက်သည့် အချိန်မှ မသိမသာလေး ဆွေနုရည် လည်း သက်ပြင်းချမိ၏​။​သူမ ရင်ဘတ်ထဲမှ ထွက်ပေါ်နေသည့် ရင်ခုန်သံများကို မျက်ကွယ်ပြုနေရင်းသာ ။ ထို အချိန် အယ်မလီလည်း ကားမှန်အား ခေါက်လိုက်သည်။

"ဒေါက် ..ဒေါက် "

ထိုကြောင့် ဆွေနုရည်လည်း သူမ၏ လက်ကလေးအား ကျစ်ကျစ်ပါအောင် ဆုတ်ထားမိရင်း ကျန်လက်တဖက်နှင့်ကားမှန်ကို ချပေးလိုက်သည် ။

My Dearest Swe (Completed)Where stories live. Discover now