အခန်း ( ၃၀ )

11.1K 663 0
                                    


"မသိရင် ထကိုက်စားတော့မဲ့ သားရဲကြီးကျနေရော...ဟွန်းနော်"

အယ်မလီ လည်း သဘောကျလျှက် ပြုံးရင်း ဆွေ့ကို လက်ထောက်လျှက်ကြည့်နေမိသည် ။

"တော်တော့် ကို ချစ်စရာ့ကောင်းတဲ့ အမျိုးသမီးနော်။ ချစ်လွန်းလို့ ရူးတော့မှာပဲ ..." ဟုဆိုလျှက်အယ်မလီ လည်း ဆွေ့ပါးကို နမ်းလိုက်ပြန်သည် ။

"ဟွန်းနော် လူကြီးကို..."

ထိုနေ့ ည

laptop ရှေ့တွင်ထိုင်လျှက် အတွေးနယ်ချဲ့နေသူမှာ ဆွေနုရည် ။ ထို အချိန် သူမ ဖုန်းထဲ စာတစောင် ဝင်လာသည် ။

"ထမင်း ဝအောင်စားထား..."

ထိုစာကို မြင်လိုက်ရခြင်း ဆွေနုရည် လန့်သွားသည် ။ လူချစ်လူခင်ပေါများသည့်သူမ အတွက် ထိုကဲ့သို့ စာရောက်လာသည်မှာ စိတ်မချမ်းသာစရာပင် ။ထို စာပို့သော ဖုန်းနပတ်ကို ချက်ချင်းဆိုသလို ခေါ်ကြည့်လိုက်သော်လည်း ဖုန်းမှာ စက်ပိတ်ထားပါသည်ဟုသာ ဖြေကြားသည် ။

"ဘယ်သူပါလိမ့် ..."

ဆွေနုရည် အတွေးတွေ ခြောက်ခြားလာမိသည်မှာ အမှန် ။လူချစ်လူခင် ပေါများသည့် သူမ အဖို့ ထိုကဲ့သို့အပြောခံရခြင်းမှာ ပထမဆုံးသာ၊ ထို့နောက်တံခါးခေါက်သံကြားလိုက်ရသဖြင့် ကိုင်ထားသည့် ဖုန်းကို ပိတ်လိုက်သည် ။

ဝင်လာသူမှာ အစ်မ ဖြစ်သူ တင်နုရည်

"ဝင်လာမယ်နော် ဆွေ ..."

"ဟုတ် မမတင် "

တင်နုရည်လည်း ပြုံးလိုက်ရင်း ဆွေနုရည် ကုတင်ပေါ်တွင်ထိုင်လိုက်သည် ။

"စောစောနက ဖီလစ် ဖုန်းဆက်လာတယ် "

ဆွေနုရည် လည်း သဘောပေါက်သဖြင့် အနည်းငယ်မျက်နှာပူလာမိသည် ။

"ဆွေ အဆင်ပြေလား လှမ်းမေးတာ ၊ ပြီးတော့ မနက်က ဆေးရုံ က ကိစ္စကို မမတင် ကို ပြောပြသွားတယ် "

ဆွေနုရည် လည်း ရှေ့ရှိ ရေခွက်ကို ယူရင်း သောက်လိုက်တော့သည် ။

"မမတင်အနေနဲ့ ... အရွယ်တစ်ခုရောက်နေပြီးသားဖြစ်တဲ့ ဆွေရဲ့ အိမ်ထောင်ရေးကိစ္စ ၊ အချစ်ရေး ကိစ္စတွေမှာ ဝင်မပါချင်ပါဘူး ။ဝင်လည်း မပါသင့်ဘူးလို့ထင်တယ် ။ ပြီးတော့ ဆွေရဲ့ ကိုယ်ပိုင် ရွေးချယ်မှု အပေါ်မှာ ဘယ်သူ့ကိုမှ ဘယ်ဝ့ါကိုမှ ဆိုပြီး မမတင်အနေနဲ့ ပြောပိုင်ခွင့်လည်း မရှိဘူး ။ဒါပေမဲ့ နည်းနည်းတော့ အံ့သြသွားတယ် ၊ မမတင် အပါအဝင် အကုန်လုံးထင်ထားတာက ဆွေ နောက်တကြိမ်သာ ပြန်ချစ်ခဲ့ရင် ဆွေ ချစ်သွားနိုင်တဲ့ သူဟာ ဖီလစ် ဖြစ်လိမ့်မယ် လို့ ထင်ထားကြတာ ။ ဖီလစ်ဟာ ဆွေ့အပေါ်မှာ တော်တော်

My Dearest Swe (Completed)Where stories live. Discover now