အခန်း (၂၁ )

9.2K 652 1
                                    

သားဖြစ်သူ နှင့် ညစာ စားပြီးသည့် အချိန်ကျခါမှ ဆွေနုရည်လည်း အိမ်သို့ ပြန်လာရန် ပြင်တော့သည်။ထိုကြောင့် ကားပါကင်ဆီသို့ ပြန်ဆင်းလာရင်း သူမကားရှိရာဆီသို့ ဦးတည်လာတော့သည် ။ ထိုအချိန် ဆွေနုရည် သတိထားမိသည်မှာ သူမနောက်တွင်ပါလာသည့် လူတစ်ယောက်ပင် ။ အနောက်မှ တောက်လျှောက်ပါလာသည်အတွက် ဆွေနုရည် အနည်းငယ်နောက်ကျောမလုံတော့ပေ ။ ထို့ကြောင့်လည်း လျှင်မြန်စွာကားဆီသို့ လျှောက်လာမိသည် ။ ကံကောင်းထောက်မစွာနှင့် ဆွေနုရည်လည်း ကားပေါ်သို့ အမြန်ဆုံးရောက်သွားတော့သည် ။

"မြတ်စွာဘုရား..." ဟု ပြောရင်း သူမရင်ဘတ်လေးအား ဖိလျှက် သူမနောက်မှ ပါလာသည့် အမျိုးသားမှာ ကားရှေ့မှ ဖြတ်သွားသည့်အတွက် သေချာကြည့်နေမိသည်။ အိမ်သို့ အပြန်လမ်းတွက် ဆွေနုရည်လည်း စိတ်ထဲဘဝမကျဖြစ်နေမိ၏။ ထိုအမျိုးသား၏ နောက်ကျောကို သူမ စိတ်ထဲရင်းနှီးနေသကဲ့သို့ ခံစားနေရသည် ။

"မဖြစ်နိုင်ပါဘူးလေ ..." ဟု ပြောရင်း အိမ်သာ ပြန်လာတော့သည် ။

အချိန်မှာ ည အချိန် ၈ နာရီခွဲနေလေပြီ။ အိမ်ရှေ့သို့ အရောက် ဆွေနုရည်လည်း ပြုံးလိုက်မိသည် ။

"ဒီကလေးမလေးတော့ကွာ ..." ဟု ပြောရင်း ကားမှန်ကို ချလိုက်သည် ။ အကြောင်းမှာ ဆိုက်ကယ်နှင့် စောင့်နေသူ အယ်မလီကြောင့် ပင် ။ အယ်မလီ မှာ တီရှပ်အဖြူကို ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီကိုလည်း ဝတ်ထားသေးသည် ။ သို့သော် ရင် ညွှန့်လောက်ထိ တီရှပ်၏ ကြယ်သီးအား ဖြုတ်ထားသည်ကို ဆွေ မြင်လိုက်သည်။ သို့သော်လည်း ဘာမှ မပြောပေ။

"ဟိတ်..."

"ဒေါက်တာ.."

"ဒီအချိန်ကြီး ဘာလုပ်နေတာလဲ "

"လီလီက အဲ့ဒါ ဒေါက်တာကို မေးရမှာ "

ကားပေါ်ရှိ ဆွေနုရည် လည်း ရယ်လိုက်မိသည် ။

"ဟားဟားဟား..စကားအထားအသိုကကွယ် ၊ ဒီလို ပြောရတယ် သမီးရဲ့ အဲ့ဒါ လီလီက ဒေါက်တာကို မေးရမှာလို့လေ"

"ဟုတ်...တောင်းပန်ပါတယ် ဒေါက်တာ "

"အချိန်မနည်းဘူး ..အန္တရာယ်များတယ်၊ နောက်နောင် ညဘက်တွေ အပြင်ထွက်တာ ရှောင်ပါ "

My Dearest Swe (Completed)Where stories live. Discover now