1🔞

49.4K 2.2K 162
                                    

#Unicode

"စိတ်ပျက်လိုက်တာကွာ .. ငါအများကြီး မျှော်လင့်ထားတာတွေအကုန်လုံး သဲထဲရေသွန်ဖြစ်ကုန်ပြီ"

ဆိုဖာပေါ် စိတ်ပျက်လက်ပျက်မှီချ၍ ငြီးတွားနေသည့် အဖေ..
တစ်လျှောက်လုံး အဆင်ပြေလာခဲ့ပြီး ဆေးစစ်ချက် ရလဒ်အရ သူဟာ Omega ဖြစ်နေရုံလေးနှင့် အဖေက စိတ်ပျက်နေသည်တဲ့ ။

"ကျွန်တော် Omega ဖြစ်ရုံလေးနဲ့ ဘာမှ ပြောင်းလဲမသွားဘူး အဖေ ။ ကျွန်တော်က အဖေ့သား Kim Taehyung ဖြစ်နေတုန်းပဲ"

"ပျော့ညံ့တဲ့ Omega တွေက ငါ့လုပ်ငန်းတွေကို ဦးဆောင်နိုင်မယ်လို့ မင်းထင်နေလား Kim Taehyung ! ရှိတဲ့ တစ်ဦးတည်းသောသားက Omega ဖြစ်နေတော့ အားလုံး အလကားပဲ!"

Taehyung လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည် ။
သူက Omega ဆိုပေမယ့် အဖေပြောသလို ပျော့ညံ့နေတာမျိုးတော့မဟုတ် ။

"Omega ဖြစ်နေပေမယ့် ကျွန်တော် မပျော့ညံ့ဘူး အဖေ"

"ဘာလုပ်မှာလဲ .. Omega ဆိုတာ ကလေးမွေးဖွားဖို့သက်သက်ပဲ ။ ကုန်ကုန်ပြောရရင် သားထုတ်စက်တစ်ခုလိုပဲ .. အဲ့ဒီထက် ပိုပြီးသာတာ ဘာမှမရှိဘူး!"

အဖေဖြစ်သူရဲ့ စကားတွေကြောင့် Taehyung နာကျင်ရသည် ။
Omega ဆိုတဲ့ သူ့ဖြစ်တည်မှုကို အဖေက လုံးဝ တန်ဖိုးမထားဘဲ နှိမ်သည် ။
Omega ဖြစ်သွားရုံနဲ့ သူက လူထဲမတိုးတော့ဘဲ ကလေးထိုင်မွေးနေရတော့မှာလား ...

"အဖေ လွန်လိုက်တာ .. ကျွန်တော့်ကို အထင်သေးလွန်းတယ်"

"Omega ဆိုတာ အထင်ကြီးစရာ ဘာတစ်ခုမှရှိမနေဘူး!"

Alpha tone သုံး၍ ပြောလိုက်တာမို့ Taehyung အားနည်းသလိုဖြစ်ကာ ဖြူဖျော့သွားသည် ။
တကယ်ပဲ သူက အဖေပြောသလိုမျိုး ပျော့ညံ့တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေခဲ့ပြီလား။
Omega ဆိုတဲ့ ဖြစ်တည်မှုကြီးက အဲ့ဒီလောက်အထိ ဆိုးရွားနေတာလား ။

ဆေးစစ်ချက်သိပြီးသည့်နေ့မှစ၍ Taehyung ကို အဖေဖြစ်သူက ချုပ်ချယ်ကာ ထိန်းသိမ်းတော့သည် ။
Omega ဆိုတဲ့ အကြောင်းပြချက်နှင့် Taehyung ၏ လွတ်လပ်မှုတွေကို ဆုံးရှုံးလိုက်ရသည် ။

"ကျွန်တော် လက်မခံဘူး အဖေ! ဘယ်ကမှန်းမသိတဲ့ Alpha ကို Mate အဖြစ်လက်ခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး!"

More And More(Completed)Tahanan ng mga kuwento. Tumuklas ngayon