9🔞

23.5K 1.5K 234
                                    

#Unicode

"Justin ဘယ်မှာလဲ ငါသူ့ကို အရေးတကြီးပြောစရာရှိတယ်.. သူ့ကိုတွေ့ရမှဖြစ်မှာ"

Justinရဲ့အိမ်ကို Taehyung ရုတ်တရက်ပင်ရောက်လာခဲ့ပြီး တွေ့ခွင့်ရဖို့ကြိုးစားလိုက်သည် ။ အဖေက လက်ထပ်ပွဲကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ဖို့အတွက် အလောတကြီးပြင်ဆင်နေပြီမို့ သူ့ဘက်ကလဲငြိမ်နေလို့မရတော့ပေ ။ Justin နဲ့တွေ့ပြီး ကလေးကိစ္စကို သေချာပေါက်ပြောရလိမ့်မည် ။ မဟုတ်လျှင် အရာအားလုံးက ပြင်မရတဲ့ အခြေအနေအထိဖြစ်သွားနိုင်သည် ။

"တောင်းပန်ပါတယ် သခင်လေး Taehyung ... သခင်လေး Jeonက မရှိပါဘူး"

အမှန်တကယ်တွင်လဲ Justin Jeonက အိမ်မှာရှိမနေ ... Company မှာသာအချိန်ကုန်နေတာဖြစ်သည် ။

"ကျစ်.. ဒီလူငါ့ကို ဘယ်အချိန်ထိ ရှောင်ဖယ်ဖို့ တွေးထားတာလဲ"

Taehyung လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်သည် ။ Justin Jeon နှင့် တွေ့တာနဲ့ အလုပ်ချင်ဆုံးအရာက အဲ့ဒီလူရဲ့ မျက်နှာကို ထိုးပစ်ဖို့ပဲဖြစ်၏ ။ လူကိုစိတ်ဒုက္ခအကြီးအကျယ်ပေးထားပြီး အမြဲတမ်း ရှောင်ပုန်းနေတဲ့ Alpha ကောင်ကို နုတ်နုတ်စင်းပစ်ချင်မိသည် ။ ဘာကြောင့် ဒီလောက်အထိ သူ့ကိုတွေ့ဖို့ကို ငြင်းဆန်နေရတာလဲ ။

"Justin Jeon ဆိုတဲ့ လူကိုပြောလိုက်! ငါနဲ့ မျက်နှာချင်းဆိုင်မတွေ့ဘူးဆိုရင် လက်ထပ်ပွဲကိစ္စက ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့!"

Taehyung နေရာကနေလှည့်ထွက်လာခဲ့သည် ။ သန်မာချင်ယောင်ဆောင်ထားပေမယ့် တကယ်တမ်း ပင်ပန်းရသည် ။
အဖေ့ကို အရွဲ့တိုက်ချင်စိတ်နဲ့ အားလုံးကို လျှောက်လုပ်ခဲ့ပေမယ့် တကယ်တမ်း မထင်ထားတာတွေဖြစ်လာတော့လဲ ကြောက်ရွံ့လာမိသည် ။ omega ဆိုတဲ့ သူ့ရဲ့ ဖြစ်တည်မှုကိုတောင် အဖေက ရွံမုန်းနေခဲ့တာ .. အခုလိုမျိုး Jungkook ရဲ့ကိုယ်ဝန်ကို လွယ်ထားရတာကိုသာ သိလိုက်ရရင် သူ့ကို အရှင်ထားမှာမဟုတ်တော့ဘူး ။ကံကောင်းထောက်မလို့ အသက်မသေခဲ့ရင်တောင် ကိုယ်ဝန်ကိုလိမ်ညာပြီး Justin Jeon ရဲ့ကိုယ်ဝန်ပါလို့ လုပ်ဇာတ်ခင်းမှာသေချာသည် ။
အခုလဲ Justin Jeon နဲ့ လက်ထပ်ပွဲကိစ္စကို အလျင်စလို လုပ်ဆောင်ပေးဖို့ ကြိုးစားနေသေးသည် ။ Justin Jeon လို အင်အားကြီးတဲ့ Alphaက သူ တခြားတစ်ယောက်နဲ့ ကိုယ်ဝန်ရှိနေတာကို လက်ထပ်ပြီးမှ သိခဲ့ရင် သူ့ကိုလုံးဝ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး ။
အရာအားလုံးကိုရှင်းပြချင်လို့ တွေ့ခွင့်ရဖို့ကြိုးစားတော့လဲ Justin Jeonက လုံးဝတွေ့ခွင့်မပေးဘူး ။

More And More(Completed)Where stories live. Discover now