21

17.9K 1.3K 170
                                    

#Unicode

"Aigoo...ချစ်စရာကောင်းလိုက်တာ"

Sarang လေးကိုကြည့်၍ Taehyung မှာ အချစ်ပိုနေရသည် ။ ဒီပေါက်စလေး သူ့ဘဝထဲကိုရောက်လာတာ လုံးဝပင်မယုံကြည်နိုင်အောင်ဖြစ်ရသည် ။
နီရဲနေတဲ့ လက်ပိစိလေးကိုဆုပ်ကိုင်၍ တဖွဖွနမ်းနေမိ၏ ။

"တောင်းပန်ပါတယ် Sarang လေး .. ပြီးတော့ ကျေးဇူးတင်ပါတယ်"

တစ်ချိန်တုန်းက မိုက်မိုက်ကန်းကန်းနှင့် ကိုယ်ဝန်ဖျက်ချဖို့လုပ်ခဲ့ဖူးသည် ။ အဲ့ဒီတုန်းကသာ ပျက်ကျခဲ့မယ်ဆိုရင် Sarang လေးကို အခုလိုမျိုးတွေ့ခွင့်ရမှာမဟုတ်ဘူး။ Sarang လေးက ရှင်သန်လိုစိတ်နှင့်အားတင်းခဲ့လိုသာ အခုလိုမျိုး မိသားစုဘဝလေးကို သူတို့ ပိုင်ဆိုင်နိုင်ခဲ့တာပင် ။

"အမောပြေလေး အပြင်သွားနေတယ်လို့ထင်နေတာ .. အသံတွေတိတ်နေလို့လေ"

Jungkook က အနောက်ကနေ ခါးကိုသိုင်းဖက်လိုက်သည် ။

"ရေအရင်ချိုးလေ ။ ညစ်ပတ်နေတဲ့ဟာကို ဘာလို့လာဖက်နေတာလဲ"

Company က ရောက်ရောက်ချင်းတန်းပြီးလာဖက်သည်မို့ Taehyung ဆူငေါက်လိုက်သည် ။ ထိုအခါ Jungkook က အသံထွက်အောင်ရယ်လိုက်ပြီး

"တစ်နေကုန်လွမ်းနေမိလို့ မအောင့်နိုင်တော့တာပါ ။ ကိုယ်မင်းနဲ့ခဏလေးတောင် မခွဲနိုင်ဘူး Tae"

ပိုလွန်းတယ်ဟူသည့်အကြည့်ဖြင့် Taehyung ကြည့်လိုက်ပြီး

"သွားပါ .. ရေသွားချိုး"

"ခဏလေးပါ ... ကိုယ့်ကလေးကြီးနဲ့ ကလေးလေးရဲ့မျက်နှာကိုကြည့်ပါရစေအုံး"

ရှေ့တည့်တည့်ကနေထိုင်၍ Taehyung နှင့် Sarang လေးကိုကြည့်သည် ။ အားရပါးရထိုင်ကြည့်ပြီးမှ ပြုံးလိုက်ပြီး

"ရေသွားချိုးတော့မယ်"

Taehyung မျက်စောင်းလေးထိုးလိုက်မိပါသည် ။ Jeon Jungkook က တတ်ကိုတတ်နိုင်လွန်းတယ် ။

-
-
-

Jungkook ရေချိုးပြီး ထွက်လာတော့ Taehyung နှင့် Sarangလေးက အိပ်နေလေပြီ ။Taehyung က Sarang လေးကိုနို့တိုက်ရင်း အိပ်ပျော်သွားပုံရ၏ ..အင်္ကျီလေးကို အပေါ်လှန်ထားသည် ။
ဝင်းမွတ်နေသော အသားအရေလေးနှင့် တစ်စွန်းတစ်စပေါ်နေတဲ့ ရင်ဘက်အစုံကြောင့် Jungkook အာခေါင်တွေခြောက်လာသည်။
ကိုယ်တိုင်တောင်မသိလိုက်ဘဲ တံတွေးပင်မျိုချလိုက်မိ၏ ။
ထိန်းချုပ်ထားတာကြာပြီဖြစ်တဲ့ လိုချင်တပ်မက်မှုတွေသည်လဲ ပြင်းထန်စွာ ဆန္ဒပြလာသည် ။

More And More(Completed)Où les histoires vivent. Découvrez maintenant