30

20.3K 1.2K 76
                                        

#Unicode

"ဟုတ်တယ် Tae Tae... ငါ Americaကိုပဲပြန်တော့မယ်"

"ဒီမှာ အဆင်မပြေတာတွေရှိလို့လား"

Taehyung ၏စကားကြောင့် Jimin ပြုံးတယ်ဆိုရုံလေး ပြုံးလိုက်မိပါ၏ ။
အဆင်မပြေတဲ့ အဓိကအချက်က Min Yoongi သာဖြစ်လိမ့်မည်ထင်သည် ။
ဘယ်လိုမှ ရှေ့ဆက်လို့လဲမရ ၊ နောက်ဆုတ်လို့လဲမဖြစ်နိုင်တဲ့ မတင်မကျဆက်ဆံရေးကြီးက သူ့ကို အနေကျပ်စေသည် ။

"မဟုတ်ဘူး ... ငါ America မှာလုပ်စရာလေးတွေရှိနေလို့လေ"

Taehyung ကခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည် ။
Taehyung ပေါင်ပေါ်မှာ ဆော့ကစား၍ထိုင်နေတဲ့ Sarang လေးကလဲ Jiminကိုကြည့်ကာ

"Pa .. Pa Pa"

Sarang လေးရဲ့ Pa Pa ခေါ်သံကြောင့် Jimin ပြုံးလိုက်ပြီး ပါးဖောင်းဖောင်းလေးကို ဖွဖွလေးဆွဲကာ

"မင်းရဲ့ အဖေ ဥစ္စာခြောက်ကြီးကြားရင်တော့ ငါအထုခံရတော့မှာပဲ"

Sarang က သူ့ကိုမြှူနေသည်အထင်နှင့် တခစ်ခစ်ရယ်နေသည် ။

"ပေါက်စကိုလဲ လွမ်းနေရတော့မယ်"

"Sarang ဆီကို မကြာမကြာ လာလည်ပေါ့"

"ငါလာမှာပါ Tae Tae ... မင်းရော ၊ Sarang ရော ရှိနေမှတော့ ငါသေချာပေါက် လာရမှာပေါ့ "

"Fuck! နှုတ်ဆက်ပုံက မသိရင် မင်းရဲ့ယောက်ျားနဲ့ ကလေးကျနေတာပဲ"

ထိုအသံကြောင့် Jimin သက်ပြင်းချလိုက်မိ၏။ Justin Jeon က အနံ့ခံကောင်းလွန်းသည်ဟုလဲ ကောက်ချက်ချလိုက်မိသည် ။ သူရောက်တယ်ဆိုရင်ပဲ သရဲလိုလို ဘာလိုလိုနှင့် ဘွားခနဲပေါ်လာတတ်သည်မဟုတ်လား။

"ငါ့ယောက်ျားနဲ့ ငါ့ကလေးဆိုရင် နှုတ်ဆက်နေပါ့မလား .. တစ်ခါတည်းအပြီးခေါ်သွားမှာပေါ့ "

Jimin ၏ ဘောက်ဆတ်ဆတ်စကားကြောင့် Jungkook ရှူးရှူးရှားရှားဖြစ်သွားသည် ။
သူ့စကားနှင့်သူ ပြန်ပက်ခံလိုက်ရ၍ မခံမရပ်နိုင်ဖြစ်နေမိ၏ ။

"မင်း !"

"ဘာလဲ .. ငါက စကားအကောင်းပြောပြီး နှုတ်ဆက်နေတာကို မင်းအသာနေစမ်းပါ ။ မင်းမလာနဲ့ ...သွား!"

"ငါ့ယောက်ျားနဲ့ငါ့သားအနား ငါနေတာဘာဖြစ်လဲ .. နေမှာပဲ!"

ကလေးပေါက်စတွေလို ရန်ဖြစ်နေကြတဲ့ Jungkook နှင့် Jimin ကြောင့် Taehyung မှာ သက်ပြင်းသာချနိုင်တော့သည် ။
ဒီ သူငယ်ချင်းနှစ်ယောက်က ဘယ်တော့မှတည့်လိမ့်မည်မဟုတ်ပေ ။

More And More(Completed)Onde histórias criam vida. Descubra agora