Final

25.4K 1.4K 134
                                    

#Unicode

အချိန်တွေ တဖြေးဖြေးနှင့်ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးမှာတော့ Jungkook နှင့် Taehyungတို့၏ လက်ထပ်ပွဲနေ့လေးကိုရောက်ရှိလာခဲ့ပြီဖြစ်သည် ။
ယခုဆိုရင် Sarang လေး၏အသက်လဲ ၅နှစ်ခန့်ရှိပြီဖြစ်၏ ။
အဖေနှစ်ယောက်ဆီမှ ချောမောမှုတွေကို အမွေဆက်ခံထားသည့် Jeon Sarang မှာ အရွယ်နှင့်မလိုက်အောင်ချောသည် ။

"နောက်ဆုံးတော့ အဖေတို့ရဲ့ သမက်လေးကို အပြင်မှာမြင်ဖူးခဲ့ပြီ ။ Justin တို့ သည်းသည်းလှုပ်တာလဲမပြောနဲ့ ချောချက်၊လှချက်ကလဲ လွန်တာပဲ"

America မှ Jungkook ၏ မိဘများ လိုက်လာခဲ့ကြတာဖြစ်သည် ။
ဒီအတောအတွင်း သမက်ဖြစ်သူနှင့်မြေးလေးကိုအရမ်းတွေ့ချင်ခဲ့ပေမယ့် သူတို့၏သားက လက်ထပ်ပွဲနေ့မှ ပေးတွေ့မည်ဆိုလို့ တွေ့ခွင့်မရခဲ့ပေ ။

"ဟုတ်တယ် ဖေကြီးရယ် ။ ကျွန်မတို့ရဲ့ သမက်လေးနဲ့ မြေးလေးက ချောချက် ကမ်းကုန်ပါပဲ"

ယောက္ခမတွေက ရှေ့တည့်တည့်ကနေ မြှောက်ပင့်ပြောဆိုနေသည်မို့ Taehyung ရှက်ကာ ခေါင်းငုံ့လိုက်မိသည် ။
သူချောတာသိပေမယ့် အခုလိုတည့်တည့်ကြီးပြောနေတာက အနေရခက်စေသည်လေ ။

"အမေတို့ကလဲ တော်ပါတော့ဗျာ ။ ကျွန်တော့်Tae ရှက်နေပြီ"

Jungkook စကားကြောင့် မိဘများက ရယ်ကြသည် ။
သူတို့ရဲ့သား မောင်ကဲပိုက ယောက်ျားဖြစ်သူကို တုန်နေအောင်ချစ်ရှာတာ ။

"ဒါဆိုရင် အမေတို့ သွားနှင့်မယ်"

အခန်းထဲတွင် Jungkook နှင့် Taehyung နှစ်ယောက်ထဲသာကျန်နေခဲ့၏ ။

"Tae..."

"ဟင်"

"ဒီနေ့အရမ်းလှတယ် .. သတို့သားဝတ်စုံလေးနဲ့ ရူးလောက်အောင်လှတာ"

Taehyung ပြုံးလိုက်သည် ။ ထို့နောက် Jungkook ကို စေ့စေ့ကြည့်ကာ

"မင်းလဲ အရမ်းချောတယ် "

တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း အကြည်ဆိုက်နေကြသည် ။

"ဖယ်.."

စူပုပ်ပုပ်နှင့် သူတို့ကြားထဲကို တိုးဝင်လာသည့် Sarang လေးပါလေ ။
Sarang လေးက Jungkook ကိုမကြည်သလိုကြည့်ကာ

More And More(Completed)Où les histoires vivent. Découvrez maintenant