#Unicode
တစ်ယောက်ထဲပဲ နေတတ်သူပီပီ အပန်းဖြေဖို့အတွက်လဲ Bar သို့မဟုတ် Club ကိုသာ Yoongi လာလေ့ရှိသည် ။ အရက်သောက်ပြီး အနားယူတာက သူ့အတွက်အကောင်းဆုံး အဖော်ပါပင် ။
အခုလဲ အရက်တွေတစ်ခွက်ပြီးတစ်ခွက်သောက်၍ စိတ်ကိုအနားပေးထားလိုက်သည်။"ဘာလို့ ခေါင်းထဲနောက်ကျိကျိဖြစ်နေရတာလဲ"
Yoongi နားထင်ကိုအသာဖိ၍ ငြီးတွားလိုက်သည် ။ ပုံမှန်ဆိုရင် ဘယ်လောက်ပဲသောက်သောက် တော်တော်နှင့်မမူးတတ်ပေ ။ လူမှန်းသူမှန်းမသိအောင် သောက်လေ့သောက်ထလဲမရှိ ။
အခု ၃ခွက်မြှောက်သာရှိသေးသည်ကို သူခေါင်းတွေမူးလာသည် ။
အမြင်အာရုံတွေကလဲ ဝေဝေဝါးဝါးရယ် ။"Shit! .. အိမ်ပြန်မှပဲ"
ခန္ဓာကိုယ်ကလဲ ပူသလိုလိုဖြစ်လာသည်မို့ အိမ်ပြန်ဖို့သာ ဆုံးဖြတ်လိုက်သည် ။ သို့သော်လည်း မတ်တတ်ထရပ်ပြီးတယ်ဆိုရင်ပဲ ခေါင်းကထိုးကိုက်ကာ ဖင်ထိုင်လျက်ပြန်လဲကျသွားသည် ။
"အကူအညီလိုသလား Alpha"
"Park Jimin..."
ထို Omega ရဲ့မျက်နှာကိုမြင်ပြီးနောက် သူဘာမှမသိတော့ပေ ။ အရာအားလုံးက အမှောင်ဖုံးသွားခဲ့၏ ။
-
-
-ခန္ဓာကိုယ်က ပူလောင်ပြင်းပြနေသည်မို့ အားယူပြီး မျက်လုံးကိုဖွင့်လိုက်သည် ။ သို့သော်လည်း အခုထိသတိမကပ်နိုင်သေး။
သူဘာတွေဖြစ်နေလဲဆိုတာ သူမသိပေ ..
သူသိတာက တစ်ခုခုလိုအပ်နေတယ်ဆိုတာပဲ။ပျံ့လွင့်လာတဲ့ လိမ္မော်သီးအနံ့ Pheromone လေးကို Yoongi တစ်ဝကြီး ရှူရှိုက်နေမိသည်။
အဲ့ဒီအနံ့လေးက သူ့ကို ဆွဲဆောင်နေ၏ ။"Alpha... စကြမလား"
ဝတ်လစ်စားလစ်နှင့် အရှေ့မှာ မတ်တတ်ရပ်နေတဲ့အလှလေးကို Yoongi ငေးကြည့်နေမိသည် ။ ခန္ဓာကိုယ် အချိုးအစားက ရူးလောက်အောင်လှ၏ ။
"ဘာလို့ အဲ့ဒီလောက်တောင် ငေးနေရတာလဲဟင်... ကျွန်တော်က အရမ်းလှနေသလား"
အိပ်ရာပေါ်တတ်လာပြီး နားကိုကပ်ကာပြောလာသည် ။ ပါးစပ်ထဲကထွက်လာတဲ့ လေငွေ့တွေက နားကိုလာရိုက်ခတ်သည်မို့ Yoongi ကြက်သီးပင်ထသွားသည် ။
စိတ်လှုပ်ရှားမိသွား၍ Pheromone တွေကိုပါ ထုတ်လွှင့်လိုက်မိသည် ။
သူ့ဘဝမှာအခုလိုမျိုး Pheromone အနံ့ထုတ်ဖူးတာ ဒါပထမဆုံးပဲ ။
VOCÊ ESTÁ LENDO
More And More(Completed)
Fanfic"Alpha , more and more" #Warning - male pregnancy !! Start =28.12.2022 End=20.6.2023