14🔞

24.2K 1.2K 262
                                    

#Unicode

"နံတယ် ! အဲ့ဒီ နွားနို့တွေက ဘာလုပ်တာလဲ"

နံနက်စာ စားပွဲဝိုင်းတွင်ရှိနေတဲ့ နွားနို့ခွက်ကြောင့် Taehyung နှာခေါင်းပိတ်ရင်းအော်ဟစ်နေသည် ။ အရင်က နွားနို့ကြိုက်ပေမယ့် အခုတော့ အနံ့တောင်မခံနိုင်တော့ပေ။
ညှီစို့စို့ အနံ့က သူကို ပျို့အန်အောင် လှုံ့ဆော်ပေးနေသည်။

"ကိုယ်က Tae သောက်ရအောင် ပြင်ခိုင်းထားတာ"

"ဘာကို သောက်ရမှာလဲ ! ငါအခုတောင် အန်ထွက်တော့မှာ!"

Taehyung က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်နေတာမို့ Jungkook အလျင်အမြန်ပင် ထိုနွားနို့ခွက်ကို လှမ်းယူလိုက်သည်။ ထို့နောက် ဘေးနားက ကောင်မလေးတစ်ယောက်ကို ပေး၍ ထိုခွက်ကို ယူသွားစေလိုက်သည် ။

"ကိုယ် တောင်းပန်ပါတယ်နော် ။ ကိုယ်က Tae အားရှိအောင်လို့ပါ"

"ငါက အားရှိစရာမလိုတာမို့ မင်းပဲ သောက်လိုက် .. ဟုတ်ပြီလား "

စိတ်ဆိုးမပြေသေးတဲ့ Taehyung က ဘောက်ဆတ်ဆတ်ဖြင့် ပြန်ဖြေသည် ။
Jeon Jungkook ဆိုတဲ့ Alpha နှင့် ပတ်သက်ရင် တကယ်ပဲ စိတ်တိုင်းကျချင်စရာ ဘာမှမရှိပေ ။

"Tae ဘာစားချင်သေးလဲ .. ကိုယ် ဘာလုပ်ခိုင်းရမလဲ "

စားပွဲဝိုင်းပေါ်မှာ တည်ခင်းထားတဲ့ အစားအသောက်တွေက နေရာလွတ်မရှိအောင် ပြည့်နေသည်ကို Alphaက ထပ်မံမေးနေပြန်သည် ။

"အပိုတွေ မလုပ်နဲ့ ။ ဒီလိုဖားနေရုံနဲ့ ငါကမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"

ဂျစ်ကန်ကန် ပြန်ဖြေတဲ့ ထိုစကားလေးကြောင့် Jungkook ပြုံးမိပါသည် ။
ကောက်နိုင်လွန်းတဲ့ ခင်ပွန်းလေးကိုလဲ အပြစ်မမြင်မိပါ ။
ခင်ပွန်းလေး စိတ်ပြေအောင်အထိ ပြန်ချော့ဖို့သာ သူ့အတွေးထဲမှာရှိသည် ။

"ကိုယ်က ဖားနေတာမဟုတ်ဘဲ စိတ်ရင်းနဲ့ပြောတာပါ ။ ကိုယ့်ကလေးလေးရဲ့ အဖေကို ဂရုစိုက်ပေးချင်လို့လေ "

Taehyung မဲ့ပြုံးပြုံးလိုက်ပြီး

"ဒါဆိုရင် ဒါတွေအစား မင်းကိုယ်တိုင် ချက်ပေးမလား Jungkook ... ဒီစားပွဲပေါ်မှာ စားစရာတွေ အများကြီး ဆိုပေမယ့် မင်းရဲ့ လက်ရာ တစ်ခုလေးတောင် ပါမနေဘူးလေ။ငါ မင်းရဲ့ လက်ရာကိုစားချင်တယ်"

More And More(Completed)Où les histoires vivent. Découvrez maintenant