8

17.8K 1.3K 310
                                    

#Unicode

အခုတလော အရေးကြီးတဲ့ အစည်းအဝေးတွေရှိနေတာကြောင့်သူ၏ Omega လေးကို Jungkook ပစ်ထားမိသည် ။
အရင်ကလို အနားမှာအချိန်ပြည့် ကပ်မနေနိုင်တာကြောင့် တော်တော်လေး ခံစားရခက်သည်။
ဖြစ်နိုင်ရင် Kim Taehyungကို ကော်နှင့်ပင်သူ့ဘေးမှာကပ်ထားချင်မိ၏ ။

မျက်နှာလေးကို မြင်ချင်လွန်းလို့ ရူးမတတ်ခံစားနေရပေမယ့် အလုပ်တွေကလဲ ပစ်ထားလို့မရတာကြောင့် သည်းခံပြီးလုပ်နေရသည်။

"ဥက္ကဋ္ဌ Jeon.. ခဏနေရင် အစည်းအဝေးစပါတော့မယ် "

Secretary မလေးက လာပြီး သတိပေးသည်။
Jungkook လဲ သိပြီဆိုသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည် ။

-
-

"ဒါတွေက ဒီနှစ်ရဲ့ အကျိုးအမြတ်တွေပါပဲ ။ ဒီကလူကြီးမင်းတွေ အနေနဲ့ J လုပ်ငန်းစုကို ယုံကြည်ခဲ့တာ ကျေနပ်မှုရှိကြရဲ့လား"

ရှယ်ယာရှင်များ၏ မျက်နှာထက်မှာလဲ အပြုံးတွေဝေနေသည် ။
Justin Jeon လို လူကို ယုံကြည်ခဲ့တာ သူတို့အတွက် နောင်တရစရာရယ်လို့မရှိခဲ့ဘူး။
ငယ်ငယ်ရွယ်ရွယ်နှင့် သိပ်ပြီးတော်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေသည်လေ ...
အလုပ်လုပ်တဲ့နေရာမှာလဲ သိပ်ကို တိကျသေချာလွန်းသည် ။

"ဖုန်းလာနေလို့ ခဏလောက်ခွင့်ပြုပါ"

အစည်းအဝေးခန်းတွင် ဘယ်လောက်အရေးကြီးတဲ့ဖုန်းကိုဖြစ်ဖြစ် ကိုင်လေ့မရှိတဲ့ ဥက္ကဋ္ဌ Jeon က ရုတ်တရက်ကြီး Contact ကိုကြည့်၍ ထထွက်သွားတာမို့ အားလုံးက ထူးဆန်းသလို တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်နေမိသည် ။

**

"Hello... Taehyung "

"Jungkook မင်းဘယ်မှာလဲ"

Taehyung ဘက်ကစပြီး ဖုန်းခေါ်တာမို့ Jungkook အတော်လေး ကျေနပ်နေသည်။
မျက်နှာထက်တွင်လဲ အပြုံးတွေက ဖုံးမရဖိမရအောင်ဖြစ်တည်နေသည် ။

"ကိုယ်ကအိမ်မှာပေါ့ ဘာလို့လဲ"

"အရူးကောင်.. အိမ်မှာဒီအတိုင်းနေရသလား"

Taehyung က စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန်းချသွားတော့သည် ။
ရုတ်တရက်ကြီး ဖုန်းချသွားတဲ့ Taehyung ကို သူနားမလည်နိုင်တော့ပေ ။
သူအိမ်မှာရှိနေတယ်ဆိုတဲ့အဖြေက ဘာများ မှားသွားလို့လဲ ။

More And More(Completed)Where stories live. Discover now