11

21.8K 1.5K 292
                                    

#Unicode

"Kim Taehyung ကို ရအောင်ပြန်ခေါ်ခဲ့! အခုချက်ချင်း ငါ့ဆီပြန်ခေါ်ခဲ့!"

Jungkook အမိန့်ပေးလိုက်သည်နှင့် ပါတီပွဲအတွင်းကနေ အလျှိုအလျှိုဖြင့် ထွက်သွားကြသော bodyguard များ ...
ခုနက ဆူညံနေသော လူအုပ်ကြီးသည်လဲ တိတ်ဆိတ်ကာ ငြိမ်သက်သွားသည် ။
Jungkook အားတင်း၍ လက်သီးကို တင်းနေအောင်ဆုပ်ထားလိုက်သည် ။
ဒါတွေအတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ပေမယ့် တကယ့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့လိုက်ရတော့လဲ နာကျင်ရသည် ။
သို့ပေမဲ့ ဒီဇာတ်လမ်းကို သူစတင်ခဲ့တာမို့ သူရအောင် အဆုံးသတ်မည် ။

"အားလုံးပဲ စောင့်နေပေးကြပါ ။ ဒီနေ့ ဒီနေရာမှာပဲ Justin Jeonဆိုတဲ့ကျုပ်က ကျုပ်အပိုင် Omega ကို ရအောင်ယူမှာမို့"

ဂုဏ်ပြု လက်ခုပ်သံများ ဆူညံကာ ပါတီပွဲက ပြန်လည် အသက်ဝင်လာခဲ့၏ ။

-
-
-

"မင်း! မင်းဘာလုပ်တာလဲ Jeon Jungkook!"

Bodyguard တွေ ဆွဲခေါ်လာတဲ့ Taehyung က ရုန်းရင်းကန်ရင်းပင် Jungkook ကို ရန်တွေ့နေသည် ။
Jungkook ကတော့ ဆိုဖာခုံထက်တွင် အေးအေးလူလူထိုင်ကာ ဝိုင်သောက်နေခဲ့၏။

"Jeon Jungkook ! အရူးကောင်!"

Taehyung အတော်လေးပင် ဒေါသထွက်နေပြီဖြစ်သည် ။
ပါတီပွဲကပြန်ပြေးလာတဲ့လမ်းမှာတင် အနောက်က ကားနှစ်စီးက ပိတ်ရပ်ကာ သူ့ကို ဖမ်းခေါ်လာသည် ။
Jeon Jungkook ဆီကို ပြန်ခေါ်လာမယ်လို့တော့ သူမထင်ခဲ့မိဘူး ။
ရူးနှမ်းနေတဲ့ Alpha က ဘာမှမဖြစ်ခဲ့တဲ့အတိုင်းပင် အေးအေးလူလူနှင့် ဝိုင်သောက်နေနိုင်သည် ။

"ဒီနေ့က ကိုယ်တို့ရဲ့ လက်ထပ်ပွဲနေ့ပဲ Tae...ဒီပါတီက လူတွေအားလုံးက ကိုယ်တို့ရဲ့ လက်ထပ်ပွဲအတွက် ဂုဏ်ပြု‌ပေးကြမယ့် လူတွေ"

"တော်စမ်းပါ! လူလိမ်ကောင်! ငါမင်းကို ဘယ်တော့မှ လက်မထပ်ဘူး! ငါမင်းကို မုန်းတယ်"

ဝိုင်ခွက်လေးကို ကိုင်လှုပ်ရမ်းပင် Jungkook ထလာသည် ။ ထို့နောက် ရှေ့ကို တစ်လှမ်းချင်းတိုးလိုက်ပြီး Taehyung အနားကိုကပ်လိုက်၏ ။

"ထိုင်ပါအုံး .. အေးအေးဆေးဆေး စကားပြောရအောင်"

Jungkook က Bodyguard တွေကို အချက်ပြပြီး ထွက်သွားစေလိုက်သည် ။

More And More(Completed)Where stories live. Discover now