4🔞

27.1K 1.5K 97
                                    

#Unicode

"အဲ့ဒီ အဆင့်မရှိတဲ့ လမ်းဘေးကကောင်နဲ့ ပတ်သက်နေတုန်းပဲလား Kim Taehyung !"

ဒေါသထွက်နေတဲ့ အဖေဖြစ်သူကို မထီမဲ့မြင်ပြုကာ ပခုံးကို တွန့်ပြလိုက်ပြီး

"ဘယ်သူနဲ့ တွဲတွဲ နောက်ဆုံးမှာ ကျွန်တော်လက်ထပ်ရမယ့်သူက Justin ပဲ ဟုတ်တယ်မို့လား ။ သူနဲ့ လက်ထပ်မှာမို့ အခု ကျွန်တော့် စိတ်ကြိုက်နေလို့ရတယ်ဟုတ်"

"Justin သိသွားရင်မကောင်းတာမို့ အနေအထိုင် ဆင်ခြင်စမ်း Kim Taehyung !"

"အဲ့လိုမလုပ်ချင်ပါဘူး ။ သူသိသွားလို့ လက်မထပ်တော့လဲ ပိုတောင်ကောင်းသေးတယ် "

အဖေ့ရဲ့ အလိုကျ Justin ကို သူ ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး ။
အဲ့တာကြောင့် အခုလိုတွေ အရွဲ့တိုက်ပြီး လျှောက်လုပ်နေတာ ။

"Kim Taehyung ! မင်း သတိထားနေစမ်း! မင်္ဂလာပွဲက အမြန်ဆုံးကို စီစဉ်ပြမယ်!"

"အဲ့တာ အဖေ့သဘော ။ ကျွန်တော်ကလဲ အဲ့ဒီနေ့ကို စောင့်မျှော်နေပါတယ် အဟင်း"

Taehyung လှောင်ပြုံးပြုံး၍ နေရာကနေထထွက်သွားလိုက်သည် ။
အဖေပြောတဲ့ အားနွဲ့တဲ့ Omega က ဘယ်လောက်တောင် အဆိပ်ပြင်းသလဲဆိုတာ အဖေ မကြာခင် သိရတော့မှာပါ ။
Kim Taehyung ဆိုတဲ့ Omega က Alpha တွေကို လှလှပပနဲ့ အနိုင်ယူပြမယ် ။

**

"Jungkook .. ငါ့ကိုလွှတ်အုံး"

အတင်းပွေ့ဖက်ကာ ရင်ဘက်ထဲဝင်ပြီး နမ်းရှုပ်နေတဲ့ Alpha က လမ်းပေါ်မှာဆိုတာကို မေ့နေရော့သလား ။

"လွမ်းနေတာ ကိုယ့်ရဲ့ အရိုင်းပန်းလေး"

"ဘာကို အရိုင်းပန်းလဲ ငါထထိုးလိုက်ရလို့ သွားတွေ အကုန်ကျွတ်ကုန်တော့မယ်။ ငါ့ကို ပေါက်တတ်ကရလျှောက်မခေါ်နဲ့!"

ဆက်ဆက်ထိမခံတဲ့ Omega အစွာလေးက စိတ်ဆိုးမာန်ဆိုးဖြင့် တွန်းထုတ်လာသည် ။
အဲ့ဒီအားလေးကို Jungkook မဖြုံပေမယ့် Omega လေးကို ငဲ့ညှာတဲ့အနေဖြင့် လွှတ်ပေးလိုက်သည် ။

"ဘာလဲ ညကြီးအချိန်မတော် ငါ့ကို အပြင်ခေါ်ထုတ်တာက"

Taehyung အိမ်မှာစာဖတ်နေသည်ကို Jungkook က ဖုန်းဆက်ပြီး အပြင်ထွက်ခဲ့ဖို့ ချိန်းသည် ။
မလာလျှင် အိမ်ထဲဝင်လာမည်ပြော၍ Taehyung ထွက်လာရသည် ။
ဒီ Alpha ကောင်က တကယ်ပဲ တောင်းဆိုမှုများလွန်းသည် ။

More And More(Completed)Where stories live. Discover now