12🔞

27.8K 1.5K 297
                                    

#Unicode

"အခုချိန်ကစပြီး ဒီအိမ်က မင်းရဲ့အိမ်ပဲ Tae...Justin Jeon ပိုင်ဆိုင်သမျှအရာအားလုံးကလဲ မင်းရဲ့အပိုင်ပဲ"

Taehyung မဲ့ပြုံးပြုံး၍ ဆိုဖာခုံထက်တွင် ခြေချိတ်ကာ ထိုင်လိုက်သည် ။ ထို့နောက် Jungkook ကိုကြည့်၍

"မင်းငါ့ကို လက်ထပ်ရဲတာ အံ့သြတယ်နော်။ငါကအခုမင်းကို မုန်းနေတဲ့သူတစ်ယောက်လေ..အနားမှာထားရင် အန္တရာယ်များလွန်းတာကို မသိဘူးလား Alpha.."

Taehyung ရဲ့ ခနဲ့တဲ့တဲ့ စကားကြောင့် Jungkook ပြုံးလိုက်သည် ။ ထို့နောက် Taehyung ထိုင်နေတဲ့ ဆိုဖာကို လက်နှစ်ဖက်ဖြင့်ထောက်လိုက်ပြီး Taehyung ကို အုပ်မိုးလိုက်သည် ။

"မင်းက အန္တရာယ်ဆိုရင်တောင် ကိုယ်က ရှောင်ရှားဖို့ စိတ်မကူးဘူး Tae... လှပတဲ့ အန္တရာယ်လေးထဲကို ကိုယ်က တမင်တိုးဝင်ပစ်မှာပဲ"

Taehyung ၏ ပါးပြင်ထက်သို့ Jungkook က နမ်းရှုပ်လာသည် ။
ထိုအနမ်းတွေက နူးညံ့၏ ၊ သိမ်မွေ့ပါ၏ ။
ရုတ်တရက်ကြီးမို့ Taehyung အံ့အားသင့်သွားခဲ့ပေမယ့် ထိုအနမ်းတွေကို မရှောင်ဖယ်ခဲ့ပေ။

"Tae ကိုယ့်ကိုယ် ပြန်ချစ်လာမယ့်နေ့ကို ကိုယ်စောင့်နေမယ် ။ အဲ့ဒီအချိန်ကျမှ လက်ထပ်ပွဲကို အကြီးအကျယ်လုပ်မယ်"

"ဒါဆိုရင်တော့ လက်ထပ်ပွဲဆိုတာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူး Justin Jeon"

လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးတယ်ဆိုရင်ပဲ Taehyung က Jungkook အိမ်ကိုရောက်လာခဲ့သည် ။
ဒါကလဲ Jungkook ၏ အစီအစဉ်တွေပဲဖြစ်၏။
ကလေးနှင့်ချုပ်ကိုင်ပြီး မရမက အိမ်ကိုအပါခေါ်ခဲ့သည်လေ ။
နေ့တွင်းညတွင်းကြီး အိမ်ထောင်သည်ဘဝကို Taehyung ရောက်သွားရုံမကဘဲ အိမ်ပါပြောင်းကာနေခဲ့ရသည် ။
Alpha က နေရာတိုင်းကို အကွက်ကျကျစီစဥ်ထားပြီး Omega လေးကို မရမက သိမ်းပိုက်ခဲ့သည် ။

"ဒါဆိုရင် ငါက Jeon အိမ်တော်ရဲ့ သခင်ဖြစ်လို့ရတယ်ပေါ့နော် ။ဒီအိမ်မှာ ငါ့စကားက မင်းထက်ပိုပြီးအရာဝင်လို့ရလား .. ငါချုပ်ကိုင်သမျှကို မင်းကဒီအတိုင်း ငြိမ်ခံနိုင်ပါ့မလား Alpha"

Taehyung ၏ စကားတွေကို Jungkook ပြုံးပြုံးလေးဖြင့် နားထောင်နေလိုက်သည်။
Omega လေးက သက်သက်မဲ့ အနိုင်ယူပြချင်နေတာမျိုး ။
ဒီက Alphaကလဲ အရှုံးပေးထားပြီးသားပင်။

More And More(Completed)Where stories live. Discover now