3

22.9K 1.4K 84
                                    

#Unicode

Taehyung ရဲ့ Heat ကာလက ၁၀ရက်ကြာခဲ့သည် ။
ထို ၁၀ ရက်အတွင်း Taehyung နှင့် Jungkook လဲ တော်တော်လေး ခရီးရောက်သွားကြသည် ။

အိမ်ရဲ့ နေရာတိုင်းလိုလိုတွင် ဆက်ဆံခဲ့ကြတဲ့ Alpha နှင့် Omega ...
၁၀ ရက်လုံးလုံး ကြိုးစားပမ်းစားဖြင့် အသွေးအသား ဆက်နွယ်ခဲ့ကြသည် ။

"Taehyung .. သက်သာရဲ့လား"

"အင်း"

အိပ်ရာပေါ်တွင် ခွေခေါက်နေတဲ့ Taehyung ကိုကြည့်၍ Jungkook စိတ်မကောင်းဖြစ်မိသည် ။
Heat ကာလအတွင်း မီးကုန်ယမ်းကုန် သောင်းကျန်းခဲ့ကြသော်လည်း Heat ကာလပြီးသွားချိန်မှာတော့ ထိုဒဏ်တွေကို သူ၏ Omega လေးက အလူးအလဲ ခံရပေတော့မည် ။

"သက်သာရဲ့လား ။ ကိုယ် ဘာလုပ်ပေးရမလဲ"

စိုးရိမ်စွာ စကားဆိုမိတော့ အရိုင်းပန်းလေးက မျက်မှောင်ကြုတ်ကာ ကြည့်လာသည် ။

"မင်း အခုထိ မပြန်သေးဘူးလား ။ ငါမင်းကို အိမ်ပြန်တော့လို့ ပြောနေတယ်လေ ။ ငါ့ရဲ့ Heat ကာလက ဒီလောက်နဲ့ ပြီးသွားပြီမို့ သွားလို့ရပြီ"

"ဒါပေမယ့်..."

Jungkook ရတက်မအေးနိုင်သေးပေ ။
သူ့ရဲ့ Omega လေး တစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိသည် ။
အခု အခြေအနေက sex အပြင် ပိုလို့မရတဲ့ အခြေအနေဆိုပေမယ့် တခြားအကြောင်းအရာတွေကြောင့် ရင်လေးနေမိသည် ။

"သြော် ဟုတ်သားပဲ ။ ငါမင်းကို ပိုက်ဆံပေးဖို့လိုသေးတယ်"

အိပ်ရာပေါ်က အားတင်းပြီး ထလာသည် ။
လဲကျသွားမည် စိုးရိမ်တာကြောင့် Jungkook တွဲထူဖို့ လုပ်လိုက်သည် ။
သို့သော်လည်း မာနကြီးလွန်းတဲ့ Omega လေးက လက်ကာပြကာ

"ငါ့အသားကို လာထိဖို့ မကြိုးစားဘဲ အဲ့ဒီနေရာမှာတင် ရပ်နေလိုက်!"

"ကိုယ်က Taehyung လဲကျသွားမှာ စိုးလို့"

"အပိုတွေ ။ ငါကမင်းရဲ့ အကူအညီလိုအပ်နေမယ့်သူ မဟုတ်ဘူး "

ဘောက်ဆတ်ဆတ်ပြော၍ ရန်တွေ့သည် ။
ထို့ကြောင့် Jungkook လဲ မတတ်သာတော့ဘဲ Taehyung ကို မျက်တောင်မခတ်တမ်းသာ ငေးကြည့်နေခဲ့သည် ။

"ရော့ !! ဒီငွေတွေကို ယူသွား ။ အဲ့တာက မင်းရဲ့ လုပ်အားခ။ဒီအတောအတွင်း မင်းအရမ်းကြိုးစားခဲ့ပါတယ် အဟင်း ... နောက်လဲ ငါလိုအပ်ရင် ဖုန်းဆက်လိုက်မယ်"

More And More(Completed)Where stories live. Discover now