18

16.1K 1.3K 253
                                    

#Unicode

"Liya Bae... နင်ဘာကို သဘောတကျကြည့်နေတာလဲ "

တစ်နေရာကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ Liya ကို သူငယ်ချင်းဖြစ်တဲ့ Jina မှ မေးလိုက်သည် ။

"Eun Woo oppa ဘေးမှာ ထိုင်နေတာ ဘယ်သူလဲ .. သူက သိပ်ချောတာပဲ"

Liya ညွှန်ပြရာကို Jina ကြည့်လိုက်သည်။

"ဟဲ့ Liya .. သူကတော့ မဖြစ်ဘူးနော်! သူက အိမ်ထောင်ရှိတယ်"

Jina ရဲ့ထိုစကားကြောင့် Liya က ခပ်ဟဟရယ်လာသည် ။
ထို့နောက် ပခုံးကိုတွန့်ပြ၍

"I ဂရုမစိုက်ဘူး you ရဲ့ ။ အိမ်ထောင်ရှိလဲ ဘာဖြစ်လဲ .. I သူ့ကို သဘောကျမိတယ် .. သူက ဘယ်လောက်တောင် ပြည့်စုံလွန်းလိုက်သလဲ"

Liya Bae ကတော့ ထိုအမျိုးသားအပေါ် အတော်လေး နစ်ဝင်နေလေပြီ ...
အနောက်နိုင်ငံသူဖြစ်တဲ့ Liya Bae က ပွင့်လင်းလွန်းသည် ၊ ရဲတင်းလွန်းသည် ၊ ပြီးတော့ သူလိုချင်တာကို မရမကယူတတ်သည်။

"သူ့နာမည်က ဘယ်သူလဲ Jina"

"Justin Jeon .. ပြီးတော့ လူတိုင်း လိုချင်တဲ့ Dominant Alpha"

Liya သဘောကျစွာပြုံးလိုက်သည် ။

"Justin Jeon ဆိုတော့ Korea လူမျိုး မဟုတ်ဘူးလား"

" Justin Jeon က ကပြားလေ ။ ပြီးတော့  America မှာပဲ ကြီးပြင်းခဲ့တာ ။ Korea နာမည်ဆိုရင် Jeon Jungkook တဲ့"

"ဒါတော့ ဟုတ်မယ် ။ ငါသူ့ရဲ့ မျက်ဝန်းပြာလေးကို စပြီး သတိထားမိတာ .. Justin Jeon က သိပ်ကို စွဲမက်ဖို့ကောင်းတဲ့အမျိုးသားပဲ"

Liya အကြည့်ပင် မလွှဲနိုင်ခဲ့ပေ ။ ဖောဖောသီသီ အပြုံးတွေပေးနေတဲ့ ထိုအမျိုးသားကို သူမ လိုချင်တပ်မက်မိပါ၏။
တစ်သက်နှင့်တစ်ကိုယ် သူမ၏နှလုံးသားကို အခုလို ခုန်အောင်လုပ်နိုင်တဲ့သူ မရှိခဲ့ဘူး။
Justin Jeon က ပထဆုံးပဲ ။
ပြီးတော့ သူမအားကိုးလောက်တဲ့အဆင့်ရှိတဲ့ Dominant Alpha တဲ့လေ ။

**

ကိုယ်ဝန်လရင့်လို့လားမသိ Taehyung ၏စိတ်တွေ ပိုပြီးလေးလံလာခဲ့သည်။ တစ်ခါတလေဆိုရင် အိပ်မက်ဆိုးတွေပါမက်တတ်၏ ။ Jungkook ကသူ့ကို ထားသွားသည်ဟုလဲ ခဏခဏအိပ်မက် မက်သည်။
Jungkook နှင့်အတူမရှိရတာကြောင့်အခုလိုတွေဖြစ်နေတယ်ထင်ပါ၏ ။ သူတို့နှစ်ယောက်က နီးနီးလေးနှင့်ဝေးကွာနေခဲ့ကြသည် မဟုတ်လား ။

More And More(Completed)Where stories live. Discover now