19

17K 1.3K 178
                                    

#Unicode

Alpha တစ်ယောက်အတွက် Rut ကာလကိုထိန်းချုပ်ရသည်က ခက်ခဲပေမယ့် ထိုအခက်အခဲကို Jungkook ကြိတ်မှိတ်ပြီးဖြတ်ကျော်ခဲ့သည် ။ မနေနိုင်တော့တဲ့အခါ ကိစ္စတွေကို တစ်ယောက်ထဲဖြေရှင်းရင်း အခန်းထဲမှာသာအချိန်ကုန်ခဲ့သည် ။ Dominant Alpha ဖြစ်တဲ့ Jungkook အဖို့ Rut ကာလကို အလျင်အမြန်နှင့်ပြီးဆုံးအောင် အံတုနိုင်ခဲ့သည် ။သို့သော်လည်း စိတ်ချထားလို့မရသည်မို့ Taehyung နှင့်တော့ နီးနီးကပ်ကပ် မနေဖြစ်ပေ ။ ထိုအချိန်တွေအတောအတွင်းမှာ Taehyung နှင့်ဖုန်းတွေပြောခြင်း ဒါမှမဟုတ် စာပို့ခြင်းဖြင့်သာ အချိန်တွေကုန်ဆုံးခဲ့သည်။မျက်နှာချင်းဆိုင်ဖို့ မတတ်သာသည့်အခြေအနေမို့ လုံးဝ မျက်နှာချင်းမဆိုင်ခဲ့ပေ။

"Jungkook ! Jeon Jungkook ! ထစမ်း.. အ.. Jungkook !!"

ဗိုက်တွေနာနေတာကြောင့် Taehyung အော်ဟစ်နေမိသည် ။ Jungkook နာမည်ကိုသာ အထပ်ထပ်အခါခါခေါ်၍ အခန်းတံခါးကို တဘုန်းဘုန်းထုနေလိုက်သည် ။

"Jungkook .. ဟင့်.. Jungkook "

"Tae!"

Jungkook အခန်းတံခါးကို အလျင်အမြန်တွန်းဖွင့်၍ ထွက်လာသည် ။ Tae က အခန်းဝမှာ ပျော့ခွေလို့ရယ် ။

"Tae ဘာဖြစ်တာလဲ!"

"ငါဗိုက်တွေနာတယ် Jungkook .. အီးဟီး .. ငါသေတော့မလိုဘဲ"

"ကလေး .. ကလေးမွေးချင်နေပြီထင်တယ်!"

"မသိဘူး ဗိုက်နာတယ် ။ ဗိုက်နာတာ သေတော့မယ်"

Jungkook လဲ Taehyung ကို အလျင်အမြန်ပွေ့ချီ၍ ကားထဲသို့ ခေါ်သွားလိုက်သည် ။ ထို့နောက် ဆေးရုံကိုသာ အလျင်အမြန်မောင်းနှင်လိုက်တော့သည် ။

-
-
-

"Doctor .. Tae အခြေအနေဘယ်လိုရှိလဲ!"

Operating roomထဲကထွက်လာတဲ့ ဆရာဝန်ကို Jungkook ဆီးကာမေးလိုက်သည်။

"လူနာကို ထုံဆေးပေးထားပါတယ်ဗျ .. ပြီးတာနဲ့ ခွဲပြီး မွေးတော့မှာပါ"

"အန္တရာယ်မရှိဘူး မဟုတ်လား"

"စိတ်ချပါ လူကြီးမင်း ။ ကျွန်တော်တို့တွေ Male Omega တွေအများကြီးကို မွေးပေးဖူးပါတယ် အဲ့တာကြောင့် အဆင်ပြေပါတယ်။ ပြီးတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး"

More And More(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ