23🔞

24.4K 1.3K 52
                                    

#Unicode

"Tae.. ကိုယ်လေ"

Jungkook စကားပြောဖို့ပြင်လိုက်ပေမယ့် Taehyung ၏ အကြည့်စူးစူးကြောင့် ဆက်မပြောနိုင်ဘဲ စကားတို့က ရပ်တန့်သွားခဲ့ရသည်။

"ကိုယ်... ကိုယ်ဘာမှားလို့လဲ"

မဝံ့မရဲ မေးခွန်းထုတ်လိုက်မိတော့ Tae ကသူ့မျက်နှာကို ခပ်ကြမ်းကြမ်းဆွဲယူလာသည်။

"မင်းအပြစ်မင်းမသိဘူးလား Jeon Jungkook ! မင်းကြောင့်ငါက ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ ပြဿနာတတ်လာခဲ့ရတာ! ဒါက ငါ့သိက္ခာကိုဘယ်လောက်တောင် ထိခိုက်စေလဲ"

"ဒါပေမဲ့ Tae ကိုယ့်ကိုယ်ယုံတယ်လို့ပြောခဲ့တယ်မို့လား ။ တကယ်လဲ ကိုယ်နဲ့သူက ဘာမှမဖြစ်ခဲ့ဘူးလေ"

Taehyung စုတ်သပ်၍ Jungkook ကို ဆိုဖာပေါ်သို့ တွန်းလှဲပစ်လိုက်သည် ။
Jungkook လဲ အလိုက်သင့်လေး အနောက်ကို လှဲချပေးလိုက်၏ ။

"ငါမင်းကို ယုံတယ် ဒါပေမဲ့ ငါဒီလိုတွေကြုံရတာကို စိတ်အပျက်ဆုံးပဲ ... ပြိုင်ပြီးလုရတာကို ငါဘယ်လောက်တောင်မုန်းလဲ မင်းမသိပါဘူး"

Jungkook အလျင်အမြန်ပင် Taehyung ၏လက်ကိုဆွဲချလိုက်သည် ။ Taehyung မှာ Jungkook ၏ ပေါင်ပေါ်သို့ အံဝင်ခွင်ကျပြုတ်ကျလာသည် ။
ပေါင်ပေါ်မှာထိုင်နေတဲ့ Taehyung ရဲ့ ခန္ဓာကိုယ်လေးကို Jungkook တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး

"ပြိုင်လုတယ်လို့ မသုံးနှုန်းပါနဲ့လား ။ ပြိုင်စရာမလိုအောင် Taeကနိုင်ပြီး ကိုယ်ကလဲ လုစရာမလိုအောင် Taeနောက်ကို ပါနေပြီးသား"

ထိုစကားကို Taehyung ကျေနပ်မိပေမယ့် Liya Bae အပေါ် ဒေါသတွေမပြေသေးတာကြောင့် မပြုံးနိုင်သေးပေ ။
မုန်းသည်... Jeon Jungkook ကို စိတ်ဝင်စားသည့် လူတိုင်းကိုမုန်းပါသည် ။
Jeon Jungkook ကို သူကလွဲရင် ဘယ်သူကမှ သဘောကျနေတာမျိုး မဖြစ်စေချင်ဘူး ။

"Tae... ကိုယ့်ကိုယ်စိတ်မဆိုးပါနဲ့လားကွာ ။ နောက်ကို ဒီလိုမျိုးတွေမဖြစ်အောင် ကိုယ်ကဆင်ခြင်ပါ့မယ် ... ကိုယ့်ကိုယ် ခွင့်လွှတ်ပါနော် .. နော်"

ကလေးတစ်ယောက်လိုမျိုး ချစ်စဖွယ်တောင်းပန်စကားဆိုနေတဲ့ Jungkook ပုံစံလေးကိုကြည့်၍ Taehyung မသိမသာပြုံးလိုက်မိသည် ။ သို့သော်လည်း ထိုအပြုံးလေးကို Jungkook က ဖမ်းမိသွား၏ ။

More And More(Completed)Where stories live. Discover now