#Unicode
Taehyung ရဲ့ ဗိုက်ကလေးက အတော်လေး ပူထွက်လာပြီး လကလဲ ရင့်နေပြီမို့ Jungkook ပိုပြီး ဆင်ခြင်ဖြစ်သည် ။ Omega ရဲ့အနားမှာရှိနေတာက အန္တရာယ်များပြီး အချိန်မရွေး Rut ဝင်သွားနိုင်တာမို့ အရင်လို ပူးပူးကပ်ကပ်တော့မနေဖြစ်တော့ပေ ။ Alpha တို့ သဘာဝအရ ပိုင်ဆိုလိုစိတ် ပြင်းပြတတ်ကြပေမယ့် ကိုယ်ဝန်ဆောင်သည် Omega အပေါ်မှာတော့ ထိခိုက်အောင် မလုပ်တတ်ကြပါ။
//Tae.. အိပ်ရာက နိုးရင် ကိုယ်ပြင်ပေးထားတဲ့ မနက်စာကို စားလိုက်နော် ။ အကောင်းဆုံး ကြိုးစားထားတာမို့ အရသာရှိရှိစားပါ//
စားပွဲပေါ်က စာရွက်လေးကိုကြည့်၍ Taehyung ကြည်နူးမိပေမယ့် တစ်ဆက်တည်းမှာပဲ ဝမ်းနည်းရ၏ ။ Jungkook က သူ့ကို သိသိသာသာရှောင်နေတာမို့ သူ စိတ်မကောင်းဖြစ်ရသည် ။ ကလေးလေးကြောင့် ဆင်ခြင်နေတာ သိပေမယ့် Jungkook နဲ့ အတူမရှိရတော့လဲ ရင်ထဲမှာ ဟာတာတာပင် ။
"Jungkook ကို လွမ်းလိုက်တာ"
နှုတ်ကနေ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မျက်ရည်အဝဲသားနှင့် အိပ်ရာကနေ ထလိုက်သည် ။မချစ်ဘူးဟု ဘယ်လောက်ပဲ တင်းခံထားပါစေ Alpha နှင့် ခွဲနေရသည့်အခါ သိသိသာသာ ခံစားရသည် ။
Alpha ရဲ့ ဂရုစိုက်မှုတွေနဲ့ နေသားကျခဲ့တာမို့ Alpha အနားမှာမရှိတဲ့အခါ နွေးထွေးမှုတွေက လစ်လပ်သွားခဲ့သည် ။"အသေးလေးရေ မင်းမြန်မြန် အပြင်ရောက်ပါတော့လား .. မင်းရဲ့အဖေမရှိဘဲ နေရတာ ပါပါးအတွက် အရမ်းပင်ပန်းရတယ် "
ဗိုက်ကလေးကိုပွတ်၍ Taehyung ပြောနေမိသည် ။ သူတို့ရဲ့ သွေးသားလေးက သူတို့နှစ်ယောက်ကို စည်းခြားထားသလိုပဲ ။
"Tae Tae ရေ .. ငါလာတယ်"
Jimin အသံကြားတာမို့ စီးကျနေတဲ့ မျက်ရည်တွေကို အလျင်အမြန်သုတ်လိုက်သည် ။
"အခုထိ အခန်းထဲမှာပဲလား ။ ငါက မင်းကို မနက်စာစားနေပြီထင်တာ"
"ငါ သွားစားတော့မလို့ဘဲ ။ မင်းက ဘာကိစ္စရှိလို့ အစောကြီးရောက်လာတာလဲ"
Taehyung စကားကြောင့် Jimin က စူပုတ်လိုက်ပြီး
"မင်းရဲ့ ယောက်ျားကြောင့်ပေါ့ .. ငါ့ကို အစောကြီး ဖုန်းဆက်နှိုးပြီး မင်းကို သွားကြည့်ခိုင်းတာ ။ ပြီးတော့ မနက်စာစားရဲ့လားဆိုတာလဲ ကြည့်ခိုင်းခဲ့တယ် .. မင်းတစ်ခုခု လိုအပ်ရင်လဲ လုပ်ပေးလိုက်ပါတဲ့ "
ŞİMDİ OKUDUĞUN
More And More(Completed)
Hayran Kurgu"Alpha , more and more" #Warning - male pregnancy !! Start =28.12.2022 End=20.6.2023