24

17.7K 1.2K 88
                                    

#Unicode

"မထင်မှတ်ထားဘဲ မိတ်ဆွေဟောင်းကြီးနဲ့ ပြန်တွေ့နေတာပဲ"

ရင်းနှီးနေတဲ့ထိုအသံကြောင့် Taehyung မော့ကြည့်လိုက်သည် ။

"Min Yoongi .."

"ဟားဟား ..Kim Taehyung shi က ကိုယ့်ကို မှတ်မိနေတာပဲ"

Yoongi ခပ်ဟဟ ပြုံး၍ Taehyung ၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည် ။
ခြေချိတ်၍ထိုင်နေတဲ့ Taehyung က ကော်ဖီကိုမော့ကာ သောက်လိုက်ပြီး

"Jungkook နဲ့တွေ့ဖို့ရှိလို့လား"

"အော.. ဒီနေ့ဒီမှာ သတင်းယူစရာရှိနေလို့"

Taehyung ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။

"Tae..."

Sarang လေးကိုချီ၍ Jungkook ဝင်လာသည် ။
မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့သွေးတွေကို ဆောင့်တတ်သွားစေ၏ ။
Tae က သတင်းထောက် Min Yoongi နှင့်အတူရှိနေသည် ။
ရိုးရိုးသားသား စကားထိုင်ပြောနေတာ ဖြစ်သော်ငြားလဲ Taeကို Alpha တစ်ယောက်နှင့် မရင်းနှီးစေချင်တာ အမှန်ပင် ။

"သတင်းထောက် Min ရောက်နေတာလား"

Jungkook က Sarang လေးကို Taehyung ပေါင်ပေါ်တင်ပေးလိုက်ပြီး Taehyung ၏ ပခုံးကို သိုင်းဖက်လိုက်သည် ။ Dominant Alpha ကြီးက သူ့ပိုင်ဆိုင်မှုကို တစ်ဖက်လူသိစေရန် ပိုင်ဆိုင်ကြောင်းပြနေသည် ။

"သတင်းယူစရာရှိလို့လေ"

"အော်..."

Jungkook ထိုသို့သာ တုံ့ပြန်လိုက်ပြီး Taehyung ကိုကြည့်ကာ

"ကိုယ့် အတွင်းရေးမှူးစောင့်နေတယ် ။ Tae အောက်ထပ်ကိုဆင်းလိုက် .. ပြီးရင် ကိုယ်လိုက်လာခဲ့မယ် ။ နေ့လယ်စာ အတူစားကြတာပေါ့"

ပုံမှန်ဆိုရင် Taehyung နာခံလိမ့်မည်မဟုတ်ပေမယ့် Jungkook ၏ အေးစက်စက်အသံတို့ကြောင့် Sarang လေးကိုချီ၍ အပြင်ကိုသာထွက်လာခဲ့လိုက်တော့သည် ။

"Min Yoongi က ကျုပ် Companyကို ဘာသတင်းတွေယူစရာရှိလို့လဲ"

Jungkook ခပ်ရွဲ့ရွဲ့မေးလိုက်၏ ။

"ကိုယ်လုပ်ထားတဲ့ကိစ္စကို ကိုယ်တာဝန်ယူရမှာပေါ့ Justin Jeonရဲ့ .."

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"Park Jimin...သူ့ကို လွှတ်လိုက်တာ ခင်ဗျားမို့လား Justin "

More And More(Completed)Where stories live. Discover now