10

20.1K 1.4K 235
                                    

#Unicode

"Justin Jeon အကြောင်းကို ဘာမှသိမထားပါဘူး ။ အဲ့တာက မလွယ်ကူဘူးလေ"

Yoongi သိထားပေမယ့် Taehyung ကို ပြောပြဖို့အတွက် စိတ်ကူးမရှိသေးပေ ။ ဒီကိစ္စက သူကြားဝင်စရာမလိုအပ်ဘူးဟု ထင်မိသည်။ ဘာပဲဖြစ်ဖြစ် သူတို့အချင်းချင်း ရှင်းကြတာပိုကောင်း၏ ။ ကြားကနေ မြေစာပင် အဖြစ်ခံရလောက်တဲ့အထိ Yoongi မရူးမိုက်ပါ ။ Justin Jeon က ပေါ့သေးသေးမှမဟုတ်တာဘဲ ။

"ဒါဆိုရင်လဲ တခြားတစ်ယောက်ကိုပဲ စုံစမ်းခိုင်းရတော့မယ် ။ နာမည်ကြီး သတင်းထောက် ဖြစ်နေလဲ ခင်ဗျားက အလကားပဲ Min Yoongi "

Taehyung ထွက်သွားဖို့ပြင်လိုက်သည်။ ဘာအကူအညီမှမရတဲ့လူတစ်ယောက်နဲ့ စကားဆက်မပြောချင်တော့ဘူး ။
Min Yoongi က သူ့ကို ကစားနေသလိုခံစားရသည် .. ။

"မင်းကို သတိတစ်ခုပေးလိုက်မယ်..တစ်ခါတလေမှာ အဝေးကြီးကိုသိပ်မကြည့်ဘဲ အနီးအနားကိုပဲ ကြည့်ပါလား.. အနီးနားမှာလဲ မင်းမြင်နိုင်မှာပါ"

ဘာကိုဆိုလိုသည်လဲ Taehyung နားမလည်ပါ။ ထို့ကြောင့် ဘာစကားမျှပြန်ပြောမနေတော့ဘဲ ထွက်ခွာလာခဲ့တော့သည် ။
လူတွေကြားမှာ နာမည်ကြီးသတင်းထောက်ဖြစ်နေတဲ့ Min Yoongi က သူ့အတွက်တော့ ရူးနှမ်းနေသလိုပင်ဖြစ်သည် ။
သူနားမလည်တဲ့စကားတွေကိုသာ ဆိုခဲ့သည်မဟုတ်လား ။

**

"တောက်!"

'ဝုန်း'

Jungkook က ဒေါသတွေထွက်နေပြီး မြင်သမျှပစ္စည်းကို အကုန်လိုက်ဖျက်ဆီးပစ်နေသည် ။ စားပွဲတွေကိုလှန်ပစ်သည် ။ ပန်းအိုးတွေကို ရိုက်ခွဲပစ်သည် ။ TV တွေနှင့် တခြားပစ္စည်းတွေကိုလဲ ထုခွဲပစ်သည် ။ သူ့မျက်စိရှေ့ မြင်သမျှ အရာဝတ္ထုအားလုံးကို ရန်သူဟု သတ်မှတ်ကာ သောင်းကျန်းပစ်နေသည် ။

'တီ.. တီ..တီ'

အချိန်ကိုက်ပင်လာနေတဲ့ Taehyung ဆီကဖုန်း ..
သို့သော် Jungkook ကမကိုင်ဘဲ ဖုန်းကိုပါ ပေါက်ခွဲပစ်သည် ။

"ငါ့ကို အဲ့လောက်တောင်မုန်းတာလား! ငါ့ကလေးကို သတ်ပစ်ချင်တဲ့အထိလေ! တကယ်ပဲ ဘာခံစားချက်မှမရှိခဲ့တာလား! အား!!!"

More And More(Completed)Where stories live. Discover now