28

17.7K 1.2K 87
                                    

#Unicode

"Park Jimin! ငါ့ကို စကားပြန်ပြော!"

Yoongi အနောက်ကနေ တောက်လျှောက်လိုက်၍ Jimin ကို စကားပြောဖို့ကြိုးစားနေမိသည် ။ သို့သော်လည်း Jimin က အရေးမစိုက်ပေ ။
နားကြပ်ကိုပင်ထုတ်၍ နားမှာတပ်လိုက်သေး၏ ။

"မင်း!"

Yoongi စိတ်တို၍ Jimin၏ လက်ကိုဆွဲလိုက်သည် ။
ထို့နောက် အကြမ်းပတမ်းပင်ဆွဲကာ ချောင်ကျကျနေရာကိုကပ်လိုက်၏ ။

"ဘာလဲ.."

Jimin က ဘုကြည့်ကြည့်၍ မေးခွန်းထုတ်လာသည် ။ လေသံကလဲအေးစက်နေလေ၏။

"ဘာလို့ငါ့ကို လျစ်လျူရှုနေတာလဲ"

ဒေါသထွက်နေတဲ့ Yoongi ရဲ့ပုံကိုကြည့်၍ Jimin မဲ့ပြုံးပြုံးလိုက်သည် ။ ထို့နောက် မျက်ခုံးကိုပင့်၍

"တွဲရအောင်ဆိုတော့လဲ ကျုပ်ကို သောက်ဂရုမစိုက်ဘူး ။ အခု ဝေးဝေးမှာနေတော့လဲ လိုက်ပြီး တွယ်ကပ်နေတယ် .. ကျုပ် ဘာဆက်လုပ်ရမလဲဆိုတာ ခင်ဗျားပြောကြည့်"

Jimin ရဲ့ မေးခွန်းကြောင့် Yoongi ငြိမ်သက်သွားမိသည် ။
ဟုတ်ပါရဲ့ .. သူဘာတွေလုပ်နေမိလဲဆိုတာ သူကိုယ်တိုင်လဲ တကယ်မသိဘူး ။
Park Jimin ကို သဘောကျနေတာလား ဒါမှမဟုတ် သဘောမကျတာလား ။
Park Jimin ကို အနားမှာရှိစေချင်တာလား ဒါမှမဟုတ် အဝေးမှာနေစေချင်တာလား။
မသေချာ မရေရာတဲ့ ခံစားချက်တွေကြောင့် သူအတော်လေး ခေါင်းကိုက်ရသည် ။

"ကျုပ်... ခင်ဗျားကို မနှောင့်ယှက်တော့ဘူး Min .... ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ပြီ ။ Park Jimin က Min Yoongi ဆိုတဲ့ ခင်ဗျားကို ဆက်ပြီး သဘောမကျတော့ဘူး"

Jimin..Yoongi ၏ ရင်ဘက်ကိုတွန်း၍ ထွက်သွားဖို့ ပြင်သည် ။ သို့သော်လည်း Yoongi က Jimin ၏ ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ကာ အနားသို့ပိုမိုကပ်စေလိုက်သည် ။

"ငါ့ကို သဘောမကျတော့ရင်တောင် တခြားတစ်ယောက်ကို ရွေးချယ်ခွင့်ဆိုတာ မင်းမှာမရှိဘူး Park Jimin...မင်းက ငါ့အပိုင် Omega"

"Oh...sorry နော် ။ ငြင်းတယ်"

Jimin ၏ အဖြေကြောင့် Yoongi မဲ့ပြုံးပြုံးသည် ။ ထို့နောက် Jimin ၏ နှုတ်ခမ်းတို့ကို စတင် ငုံထွေးလိုက်တော့၏ ။
Jimin သည်လဲ ရုန်းကန်နေမယ့်သူမျိုးမဟုတ်ပေ .. Yoongi ၏ အနမ်းတို့ကို အမှီလိုက်ပြီး တုံ့ပြန်ပေးနေသည် ။
အချိန်အတော်ကြာအောင် နမ်းရှုပ်ပြီးနောက် Jimin မောလာ၍ Yoongi ၏ နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်သည် ။

More And More(Completed)Where stories live. Discover now