15🔞

27.4K 1.3K 230
                                    

#Unicode

"အံမယ် .. Justin Jeon က ငါ့ကို တကူးတကဖိတ်ကြားတယ်ဆိုတော့ ဘဝင်တောင်မြင့်ချင်သွားတယ် "

Jimin စကားကြောင့် Jungkook မဲ့ရွဲ့လိုက်ပြီး

"အပိုတွေ ပြောမနေနဲ့ "

"ဟွန့်.. ဘာကိစ္စလဲ"

"ငါ့ကိုတစ်ခုကူညီပေးမလား Jimin...မင်းသာကူညီပေးမယ်ဆိုရင် ငါတို့အရင်လို သူငယ်ချင်းအဖြစ် နေလို့ရမယ်.. ဘယ်လိုလဲ"

Jimin က မဲ့ပြုံးပြုံးလိုက်ပြီးနောက် Jungkook ၏ ပခုံးကိုပုတ်ကာ

"No... ငါမင်းကို မလိုအပ်တော့ဘူး Justin Jeon ရဲ့ ။ ငါ့မှာ Tae Tae ရှိနေတာပဲဟာ"

"မင်း!"

Jungkook က ရှူးရှူးရှားရှားဖြစ်သွားပြီးနောက် Jimin ရဲ့လက်ကို ဖယ်ထုတ်ပစ်လိုက်သည် ။
ထို့နောက် စူပုတ်၍ အကြည့်လွှဲသွား၏။

"အဟား.. Justin Jeon ဆိုတဲ့ ကောင်က ငါ့အကူအညီကို ဘာလို့ လိုချင်တာများလဲနော်။ အဲ့တာတော့ သိချင်သားပဲ"

Jungkook စိတ်တိုနေမှန်းသိတဲ့ Jimin ကလဲ Jungkook ကိုပိုပြီး ကလိပေးနေသည်။

"မင်းမကူညီဘူးဆိုရင် ချက်ချင်း America ကိုပြန်ရအောင် ငါလုပ်လိုက်ရမလား Park Jimin ... ဘယ်လိုလဲ"

မျက်ခုံးကိုပင့်ပြ၍ ခပ်ထေ့ထေ့ဆိုလာတဲ့ Jungkook စကားကြောင့် ပြန်ပြီး စူပုတ်ရသူမှာ Jimin ဖြစ်သွားသည် ။
Justin က ဘယ်လောက်တောင် အာဏာစက်ပြင်းလဲဆိုတာ သူသိသည်လေ ။
အဆိုးဆုံးကတော့ သူ့မိဘတွေကတောင် Justin ဘက်မှာပဲ ရှိကြတာဖြစ်၏ ။

"အကျင့်မကောင်းတဲ့ Justin ကောင် ။ ပြော.. ငါမင်းကို ဘာကူညီပေးရမှာလဲ!"

အောင့်ဆောင့်၍ ဆိုလာတဲ့ထိုစကားကြောင့် Jungkook ကျေနပ်စွာပြုံးလိုက်သည် ။ ထို့နောက် Jimin ကို စိုက်ကြည့်၍

"သတင်းထောက် Min Yoongi ဆိုတဲ့ Alpha ကို မြှူဆွယ်ပေး .. မင်းမှမင်း ဖြစ်လာတဲ့အထိ လုပ်ပေးပါ Jimin"

"ဘာ! ငါက ဘာလို့ Alpha တစ်ယောက်ကို မြှူဆွယ်ရမှာလဲ ။ အဲ့တာကငါ့အတွက်လဲ အန္တရာယ်များတယ်"

ကြောက်တာမျိုး မဟုတ်ပေမယ့် Alpha တွေနှင့် ကင်းကင်းရှင်းရှင်းသာ Jimin နေလိုသည် ။ မလိုလားအပ်တဲ့ အန္တရာယ်တွေကို သူမဖိတ်ခေါ်ချင်ဘူး ။

More And More(Completed)Where stories live. Discover now