4

4.6K 257 4
                                    

စောစောစီးစီး ဦးနဲ့တူတူ ကျောင်းသွားချင်လို့ အစောကြီးထပြီး ဉာဏ်များရပြန်ပြီ..

Tae pov..ဟူး ဘယ်အချိန်ကျောင်းသွားမှန်းမသိလို့ အစောကြီးထနေရတာ မဟုတ်ဘူး ညထဲက အိပ်မပျော်တာ ဒီနေ့ကျောင်းမှာငိုက်ရင်တော့ ဦးတော့ဆူတော့မှာပဲ.. ဘယ်တက်နိုင်မလည်း..

မိုးလင်း 6 နာရီလောက်ထဲက အဝတ်အစားလဲကာ အိမ်ထဲကနေ အိမ်ရှေ့အိမ်ရဲ့ အခြေအနေ ကို စောင့်ကြည့်နေခြင်းဖြစ်သည်.

7:30 လောက်မှာ အိမ်ရှေ့အိမ်က သူ့ရဲ့ ဦး အပြင်ထွက်လာတာလည်း မြင်ရော. Taehyung
တယောက် အိမ်တံခါးတွေ ပိတ်ကာ အပြင်ကို ပြေးထွက်သွားပြီး ကားဂိတ်ရှိရာစီသို့ လမ်းလျှောက်ထွက်လာခဲ့သည်..

တီတီ

Tae pov..ဟီးဟီး ကွက်တိပဲ

" ချာတိတ် ကျောင်းသွားမလို့လား ကားရော "
" ဟုတ် ကားကလေ ပျက်တာမသိဘူး စက်နိုးလို့မရလို့ အဲ့တာ Bus ကား စီးပြီးသွားမလို့ ဒါနဲ့ ဦး ကျောင်းကို Bus ကားက ဘယ်နံပါတ်ရောက်လည်း "

" ကားနံပါတ်မသိပဲ ကျောင်းသွားမယ်ပေါ့ "
" ဟီး "
" တက် တူတူ သွားမယ် "

Tae pov.. yes အဲ့လိုဖြစ်ချင်လို့ ညထဲက စောင့်နေတာနော်

" ဟုတ် အဲ့လိုလုပ်လို့ရလား "
" ရတာပေါ့ "

" ဟီးဟီး ကျေးဇူးပါ ကျွန်တော် ရှေ့မှာ ထိုင်လို့ရမလား နောက်ခန်းဆို ခေါင်းမှုးတက်လို့ "

Tae pov..တသက်လုံးနောက်ခန်းမှာ ထိုင်လာတာလေ ဟီး..

" ရပါတယ် တက် "
" ဟုတ် "

ခုဆိုရင် Kim Taehyung က အကြံအစီတွေ အောင်မြင်သွားတဲ့ အောက်မြင်သူအပြုံးနဲ့ကားခေါင်းခန်းမှာ သူ့ရဲ့ ဦးနဲ့ တူတူထိုင်လို့ပေါ့..

" ဦး လာမယ့် ကျောင်းပိတ်ရက်ရောက်ရင်လေ အိမ်မှာ ထမင်းစားဖိတ်ချင်လို့ရလား "

" အင်း အဲ့နေက ဦးသွားစရာ ရှိတယ် "
" ဟုတ်လား...အင်းပါ "

သိမ်ဝင်သွားတဲ့ အသံလေးနဲ့ ပြောကာ တံခါးဘက်သာလှည့်ပြီး လိုက်လာခဲ့တော့တယ် ခဏအကြာမှာတော့ အိပ်ပျော်သွားပြီ ဖြစ်တဲ့ Taehyung

VÎLLÀÌÑ ( complete) Where stories live. Discover now