December ရဲ့ အငွေ့အသက်တွေကြောင့် အလွန်ပင် အေးချမ်းလှတဲ့ ညနေစောင်းအချိန်..
ကိုရီးယားနိုင်ငံရဲ့ နံပါတ် 3 အဆင့်ရှိ လူနေမှု
အဆင့်အတန်းမြင့်မားတဲ့ Itaewon ဆိုတဲ့ နေရာ...အချိန်ပိုင်းအလုပ်တွေ..သင်တန်းတွေ စားသောက်ဆိုင်တွေနဲ့ စည်ကားရာနေရာလေး..
အိမ်ကနေတယောက်ထဲခွဲထွက်ကာနေကြတဲ့ လူငယ်တွေ အများအပြားရှိသည့်နေရာ..
ဒီလို အိမ်ခွဲနေတဲ့ သူတွေထဲမှာ Kim Taehyung တို့ သူငယ်ချင်း သုံးယောက်လည်း ပါနေခဲ့တယ်..
ချမ်းသာတဲ့ မိသားစုရဲ့ တဦးတည်းသော သားလေးဖြစ်ပေမယ့် မိသားစုထက် သူငယ်ချင်းတွေကို ပို ခင်တယ်တာကြောင့် ဆင်းရဲတဲ့ သူငယ်ချင်းတွေနဲ့ တူတူ အခန်းတခန်း ဝယ်ကာ တူတူနေကြခြင်းဖြစ်သည်..
kim Taehyung တယောက် သူငယ်ချင်းတွေနဲ့ စနောက်ခါ မုန့်လျှောက်ဝယ်စားရင်း အရှေ့ကို
မကြည့်ပဲ အနောက်က သူငယ်ချင်းတွေကို လှည့်ကာ နောက်ပြန်လမ်းလျှောက်ပြီး လျှာလေးထုတ်ကာ မျက်နာပြောင်လိုက် ရေခဲမုန့်စားလိုက်နဲ့ သွားနေရင်း ရှေ့ဘက်ပြန်အလှည့်အာ့
လူတယောက်နဲ့ ဝင်တိုက်လိုက်မိတာကြောင့် လူကောင်သေးသေး Kim Taehyung က ဖင်ထိုင်လျက် လဲကျသွားခဲ့တယ်
အစကတော့ဝင်တိုက်မိတာကြောင့် မျက်နှာလေးဆူပုတ်သွားကာ ထိုလူကို အော်မယ်ကြံသေး
(သူကပဲ ဝင်တိုက်ပြီးတော့ )သူလဲကျသွားလို့ တဖက်က ပြာပြာသလဲထူလာပေးတဲ့ သူကြောင့် Kim Taehyung မှာ ခဏမှ အသက်ရှုဖို့မေးသွားခဲ့သည်..
Tae pov..ဒါပထမဆုံး ဟုတ်တယ် ပထမဆုံး ရင်ခုန်ခြင်း ပထမဆုံးအချစ်..
" ချာတိတ် အဆင်ပြေရဲ့လား "
ကျွန်တော် ထိုလူကြီးကို သေချာစိုက်ကြည့်နေတုန်းမေးလာတဲ့ အမေး..
ကျွန်တော်ကို ချာတိတ် တဲ့..အရမ်းသဘောကျတယ် အရမ်းရမ်း ကို သဘောကျသွားပြီ ဦး
Jm "ဟေ့ကောင် ငTae အဆင်ပြေရဲ့ လား "
" ဟုတ် ခြေထောက်နာသွားတယ် "
" ဟုတ်လား ဦး မပေးမယ် ထကြည့် "
H " ဟေ့ရောင် တကယ်နာသွားတာလား."