13

4.4K 219 1
                                    

ညနေကျောင်းဆင်းချိန်ရောက်တော့ တော်တော်နဲ့ ထွက်မလာသေးတဲ့ ချာတိတ်..

ဘာတွေ လုပ်လို့ကြာနေတာပါလိမ့်..အားလုံးလည်း ထွက်လာနေပြီ ကို ချာတိတ်က ဘာလို့မလာသေးတာလည်း..

ကားပေါ်ကနေ လှမ်းကြည့်နေတုန်း အပြေးတပိုင်းနဲ့ ထွက်လာတဲ့ ချာတိတ် ပြေးလာလိုက်တာ ချော်လဲကျမှာတောင် ဆိုးရတယ်..

ကားပေါ်ရောက်တော့ အမောဖြေကာ..

" sorry ဦး ကျွန်တော်ဖုန်းပျောက်လို့ "
" ခုရောတွေ့ပြီလား "

" မတွေ့လို့ရမလား အရေးကြီးတာတွေ ပါတာ ရအောင်ရှာရမှာပေါ့ "

" ဘာတွေ အရေးကြီးတာတွေပါလို့လည်း "
" အဲ့အကြည့်ကဘာလဲ ဦး "

" ဘာကြည့်မိလို့လည်း ဒီတိုင်းမေးတာကို "
" ပါတယ် အရေးကြီးဆုံး ပုံတွေရှိလို့ "

" ချာတိတ်! !! ဘာပုံတွေလည်း "
" မပြောပါဘူး ဟွန့် "

" ပြီးရောလေ အိမ်ပြန်တော့မယ် "
" ဦးနော် ဒီနေ့လျှောက်လည်မှာ ကတိပေးထားတယ်လေ ဟင့် "

" မငိုပါနဲ့ စတာ စတာ လျှောက်လည်မှာ မုန့်တွေစားမှာ ဒါနဲ့ ဘာပုံလည်း ပြောပြ "

" ကျွန်တော်ပြရင် ဦးက စိတ်ဆိုးမှာလား "
" ဘာမို့လို့လည်း "

" ကျွန်တော်ရဲ့ အချစ် ဦး ပုံတွေ မို့လို့ "
" မဆိုးဘူး ကြည့်ရရင် ရပြီ "

" တကယ်နော် ကျွန်တော်ကို မချစ်တော့ရင် ဘယ်လိုလုပ်မလည်း "

" ချစ်မှာ တသက်လုံးချစ်သွားမှာ အချစ်ဦးမဖြစ်လည်း ရတယ် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ဖြစ်ရင်ရပြီ "

" အဲ့တာဆိုရော့ photo ထဲမှာ ဝင်ကြည့်လိုက် "

ကမ်းပေးလာတဲ့ phone ကို ဖွင့်ကာ ချာတိတ်ပြောတဲ့ photo ထဲ ဝင်ကြည့်လိုက်တော့ ချာတိတ်ပုံတောင် သိပ်မတွေ့ရပဲ သူ့ပုံတွေချည်းသာ တွေ့လိုက်ရတယ်..

" ချာတိတ်ပြောတော့ အချစ်ဦးပုံဆို ဘာလို့ "

" ဟုတ်တယ်လေ အချစ် ဦး လေ "

" ဟာ ချာတိတ်ရတော့ လူကို ရင်ခုန်အောင်အရမ်းလုပ်တာပဲ "

" ဟီးဟီး အဲ့တာကြောင့် အပျောက်မခံနိုင်တာပေါ့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ခိုးရိုက်ပုံလေးတွေလေ ခုက ခိုးရိုက်စရာမလိုတော့ အဲ့လို အမှတ်တရက ရှိမှာ မဟုတ်တော့ဘူး အဲ့တာကြောင့် အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ "

VÎLLÀÌÑ ( complete) Where stories live. Discover now