14

3.9K 202 2
                                    

ပန်းချီ ပြိုင်ပွဲ တာဝန်ရှိသူစီက ဖုန်းလာလို့ ကိုင်လိုက်တော့. ပန်းချီကားက ဆုရစာရင်းထဲပါတယ်တဲ့..

ဆုကတော့ ဘာဆုရတယ်ဆိုတာကိုတော့ အဲ့နေ့မှ ကြော်ငြာ မှာ ဖြစ်တာကြောင့် လာမယ် sunday ပန်းချီပြပွဲ တက်ရောက်ဖို့ ဖိတ်ကြားခြင်းဖြစ်သည်..

တာဝန်ရှိသူနှင့်ဖုန်းပြောပြီးတာနဲ့ ချာတိတ်စီ ဖုန်းဆက်ဖို့ လုပ်လိုက်တော့..

jk pov.  ဟာ ငါခုထိ ချာတိတ် ဖုန်းနံပါတ်မတောင်းရသေးဘူး..အင်းလေ လူခြင်းဒီလောက်တွေ့နေရတော့ တောင်းဖို့ မေ့မေ့ နေတာ... ချာတိတ်စီပဲသွားလိုက်တော့မယ်.

ရုံးခန်းထဲကနေ ထွက်လာကာ ချာတိတ် အခန်းရှိရာ စီသို့ လျှောက်လာလိုက်ပြီး အခန်းထဲရောက်တော့ အခန်းထဲမှာ မတွေ့.. ဘယ်တွေသွားနေလို့လည်း.. Toilet များလား..Toilet ဘက်ထွက်လာလိုက်ကာ.. Toilet ရှေ့ရောက် ဝင်ရမလို.. မဝင်ရမလို..

အင်းး ငါလည်းယောက်ကျားလေးပဲ ဘာဖြစ်လည်း ဝင်လို့ရတာပဲ..

Toilet တံခါးကို ဆွဲဖွင့်ကာ ဝင်လိုက်သည်နှင့်

" ဦး! !!"
" ချာတိတ် !!!!"

ချာတိတ်ရှေ့မှာ ကာ ထားတဲ့ ကောင်လေးကို ဆွဲဖယ်လိုက်ကာ ချာတိတ်ကို ဆွဲခေါ်လိုက်ပြီးအနောက်မှာ ထားကာ ထိုကောင်လေးကို ကြည့်လိုက်တော့ ဟိုနေ့က ချစ်ခွင့်ပန်ထားတဲ့ ကောင်လေးဖြစ်နေတယ်

" ကျောင်းသား ဘာလုပ်နေတာလည်း "

" sam နဲ့ မဆိုင်ဘူးလေ ကျွန်တော်သူစီက အဖြေတောင်းနေတာ "

မဆိုင်ဘူး လို့ပြောလိုက်တာကြောင့် စိတ်တော့တိုသွားတယ်.. ဒါပေမယ့်လည်း ချာတိတ်နဲ့ သူ့အကြောင်းဘယ်သူမှ မသိတာကို ဒီလိုပြောမှာပေါ့ ထားပါတော့လေ..

" ကျောင်းသား Kim Taehyung အဖြေပေးလိုက် "

" ဗျာ ဦး "

" မင်း ကြိုက်တယ် မကြိုက်ဘူး အဖြေပေးလိုက်လေ"

" ကျွန်တော်ပေးပြီးပြီ မကြိုက်နိုင်ဘူးလို့ အဲ့တာကို သူက လက်မခံပဲ ကျွန်တော်လက်ကို ဆွဲညစ်ပြီး အတင်းအဖြေတောင်းနေတာ ကျွန်တော်လက်တောင် နီရဲနေပြီ ဒီမှာ ကြည့် "

VÎLLÀÌÑ ( complete) Where stories live. Discover now