ကျွန်တော်တို့ လက်ထက်ပြီးတာ 2 လရှိသွားပြီ..မိဘတွေက မဂ်လာလက်ဖွဲ့အဖြစ် နှစ်ဘက်မိဘ တူတူ Gangnam မှာ အိမ်ဝယ်ပေးမယ်လုပ်ပေမယ်.ချာတိတ်က ဒီအိမ်လေးမှာပဲနေချင်တယ်ဆိုလို့.. ဟိုဘက် အိမ် ဒီဘက်အိမ် တလှည့်စီနေလေ့ရှိတယ်..ဒါကိုသဘောကျနေတာက ကလေးပီပီ ချာတိတ်ပေါ့.
လက်ထက်လိုက်ပေမယ့် ချာတိတ်နဲ့ကျွန်တော်က ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိပါဘူး..
အရင်ကလည်း ဒီတိုင်းပဲ ခုလည်းဒီတိုင်းပဲ..တခုပဲ တခုပဲ အရင်ကထက် ပိုရစ်လာတယ်.. ပိုကောက်လာတယ်..ပိုသဝန်တိုလာတယ်..အဲ့ဒါလေးတွေပဲ သီးခံရတာပါ..
မထင်ရင် မထင်သလို ညကြီး အချိန်မတော် တရေးနိုးထကောက်တက်ကလွဲလို့ပေါ့...
အိမ်နေရာကနေ တရေးနိုးလာပြီး သူ့ကို မဖတ်ထားလို့ပါဆိုပြီး အိမ်နေတဲ့ လူကို နိုးပြီးကောက်တာမျိုးပေါ့..
အိပ်ပျော်သွားတော့ မသိလိုက်လို့ ပြောလည်းမရ.. ချာတိတ်လည်း မဖတ်ထားဘူးလေ ပြောတော့ ကလေးက အိပ်ရင်ဘာမှ မသိတော့ဘူးတဲ့ လူကြီးက ဖတ်ကို ဖတ်ထားရမှာပဲတဲ့..
အဲ့တော့ကျွန်တော်ပဲ မှားတာပေါ့လေ.
ချာတိတ်မှားလည်း ချာတိတ်ပဲကောက်တယ်..
ကျွန်တော်မှားရင်လည်း ချာတိတ်ပဲကောက်တယ်..ဟုတ်ပါတယ် ဘယ်သူမှားမှား သူပဲကောက်မှာလို့ အမိန့်ကချထားပြီးသားပါ..
အမိန့်ကိုလွန်ဆန်လို့မရသလို လွန်လည်း မလွန်ဆန်ရဲ..
မထင်ရင်မထင်သလို..Gangnam က မိဘနှစ်ပါးရော အဂ်လန်က မိဘနှစ်ပါးရောကို ညကြီးမိုးချုပ်လည်း ငိုယိုပြီး ဖုန်းဆက်တိုင်ချင်တိုင်တက်သေးတယ်လေ...
ကျောင်းမှာလည်း အလွတ်မပေး ကျောင်းသူတွေနဲ့လဲ သဝန်တိုတယ်.. ကျောင်းသူတွေကလည်း တမင် ချာတိတ် သဝန်တိုမှန်းသိလို့ တမင်စကြတာလေ ဒါလည်း မရဘူး တိုတာပဲ..
ဘာလို့အဲ့လောက် သဝန်တိုရလည်း မေးရင် ချစ်လွန်းလို့ဆိုတဲ့ အဖြေနဲ့တင် လူက ဘာမှ ဆက်မပြောနိုင်တော့တဲ့ အထိကို တလုံးထဲနဲ့ ထိရောက်တဲ့ စကားကိုပြောနိုင်တဲ့ အလည်လေး..
