17

3.5K 180 8
                                    

ခရီးသွားဖို့ တရက်ကြိုတင်ပြင်ဆင်ကာ လိုအပ်တာလေးတွေ ဝယ်ဖို့ နှစ်ယောက်သား စျေးဝယ်ထွက်လာကြတယ်

" ဦး အာလူးကြော် ဦး အအေး ဦး ပုဇွန်မုန့် ဦး ရေညှိ ဦး ဒီအာလူးကြော်အရသာက တမျိုးကောင်းတယ် "

" ချာတိတ်ကြိုက်တာသာ ယူ ဦးက လူကြီးဆိုတော့ အဲ့တာတွေ သိပ်မစားဘူး ချာတိတ်စီက ပဲ ကပ်စားမယ် "

လိုချင်တာ တခုပြီးတခုကောက်ထည့်ကာ စျေးခြင်းတောင်းထဲလည်းပြည့်ရော

" တော်ပါပြီ ဒီလောက်ပါပဲ "
" အင်း တော်သေးတာပေါ့ တဆိုင်လုံးများဝယ်မလားလို့ "

ခေါင်းလေးကို ပုတ်ကာ စလိုက်တော့ နှုတ်ခမ်းထော်ကာ စိတ်ဆိုးပြီး အော်လိုက်တဲ့ ချာတိတ်..

" ဦးနော်! !!!"

G "ဟွင့် ငါ့သူငယ်ချင်းကိုကြ ဘာမဟုတ်တာလေးနဲ့ လမ်းခွဲခဲ့ပြီး နင်ကတော့ သာယာနေတယ်ပေါ့.. တယောက်ကလည်း ရုပ်လေးနဲ့မှ မလိုက် ယောကျားလေး တန်မဲ့ မိန်းမတယောက်စီက ယောက်ကျားတယောက်ကို မြူဆွယ်ရတယ်လို့ ရွံဖို့ကောင်းလိုက်တာ"

yuri ရဲ့ သူငယ်ချင်းအပြောကိုကြားတော့ မျက်ရည်တွေဝဲတက်လာတဲ့ ချာတိတ်..

တွဲထားတဲ့ ကျွန်တော်ရဲ့ လက်မောင်း တို့ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတာ. ကိုင်ထားတဲ့ လက်ကလေးက တုန်လို့

J" မင်းတို့ ကိုယ့်လမ်း ကိုယ် သွားရင် ကောင်းမယ်ကိုယ်နဲ့ မဆိုင်ရင် မဆိုင်သလို နေပါ ပြီးတော့ ဒီကလေးကို မင်းတို့ စကားနဲ့တောင် စော်ကားခွင့်မပေးနိုင်ဘူး ထက်ပြောလာရင် မိန်းကလေးလည်း သီးခံနေမှာမဟုတ်ဘူး အေးဆေးနေပါ "

g" ကိုယ့်လမ်းကိုယ်သွားမှာပါ ရွံစရာတွေ နဲ့ လည်း စကားမပြောချင်ပါဘူး "

T" အဲ့တာဆို ဘာလို့လာပြောနေသေးလည်း "

g " ဟက် စနိုက်ကျော် ကောင်ကများ အသံထွက်ရဲသေးတယ်နော် "

ဖြောင်း

T " ခင်များမှာ ကျွန်တော်ကို အဲ့လိုပြောပိုင်ခွင့်မရှိဘူး ပြီးတော့ ဦးကိုလည်း ပြောစရာမလိုဘူး

VÎLLÀÌÑ ( complete) Where stories live. Discover now