ကျောင်းဆင်းချိန်ရောက်တော့ jungkook ရဲ့ ကားနားမှာ အတူတူရောက်နေတဲ့ Taehyung နဲ့ yuri
" ကျွန်တော်က ဦးနဲ့တူတူ ပြန်မလို့ "
" ငါကလည်း Jeon နဲ့ အပြင်သွားမလို့ "
"ဒါဆိုလည်း ဦးကိုပဲ မေးကြည့်ရတာပေါ့ "ကားပါကင်မှာတွေ့လိုက်ရတဲ့ နှစ်ယောက်ကြောင့် jungkook မှာ သက်ပြင်းရှည်ကြီး ချကာ လျှောက်လာခဲ့လိုက်တယ်.
ကားနားရောက်တော့
" ဦး နဲ့ sam က အပြင်သွားစရာ ရှိလို့ဆို အဲ့တာကျွန်တော် Bus ကားစီးပြီးပဲ ပြန်တော့မယ်နော် "
Taehyung ရဲ့ စကားကို ကြားလိုက်တော့ မျက်လုံးပြူးကာ အံ့သြနေတဲ့ yuri..
ဒါပေမဲ့ jungkook ရဲ့ စကားကို ကြားလိုက်တော့မှ Taehyung ဘယ်လိုစကားပြောရင် Jungkook က ဘာပြန်ပြောမယ်ဆိုတာ သိနေတဲ့ Taehyung ရဲ့ အကြံကို သိလိုက်ရတော့တယ်..
" မပြန်ရဘူး လက်နာနေတယ် မဟုတ်လား "
yuri" Taxi နဲ့ပြန်လေ "
" yuri ကလည်း ကလေးတယောက်ထဲလေ "
" ရပါတယ် sam ပြောသလို Taxi နဲ့ ပြန်လိုက်ပါမယ် "
ထွက်သွားဖို့ပြင်လိုက်တဲ့Taehyung ..
jungkook ရဲ့ အော်လိုက်တဲ့ အသံကြောင့် Taehyung ရော yuri ပါလန့်သွားကာ မျက်လုံးအပြူးသားနဲ့ jungkook ကို ကြည့်နေကြသည်.." မပြန်ရဘူးလို့ပြောနေတယ် Kim Taehyung! !!"
"yuri ကိုယ် တို့ နောက်မှပဲ သွားစားရအောင် "
" ရတယ် ရတယ် yuri လည်း ကိုယ့်ပါသာ ပြန်လိုက်တော့မယ် jeon "
" ကိုယ်လိုက်ပို့မယ် yuri "
" မလိုဘူး ရတယ် Jeon jungkook "
" yuri "Taehyung ကို မကျေနပ်ကာ ထွက်သွားခါနီးတင်းမာနေတဲ့ မျက်နှာထားနဲ့ လှည့်ကြည့်သွားတဲ့ yuri..
တဘက်ကလည်း ခေသူမဟုတ် မျက်ခုံးတချက်
ပင့်ပြလိုက်တဲ့ Taehyung ..ဒေါသ အရိုန်မသေသေးတဲ့ jungkook ...
" တက်တော့"
" ဟုတ် "တလမ်းလုံးဘာစကားတခွန်းမှ မပြောကာ အိမ်ပြန်လမ်းကခြောက်ကပ်လို့..
ဒီကောင်လေးကိုသာ စိတ်ပူနေမိပြီး သူချစ်သူနဲ့ပါ စကားများရတဲ့ အထိ ဖြစ်လာရတယ်လို့ သူ့အတွေးနဲ့သူ ဒေါသထွက်ကာ တောက်ခေါက်လိုက်တာကြောင့် ဘေးမှာ ထိုင်နေတဲ့ Taehyung မှာ ခန္တာကိုယ်လေးက ပို၍ပင် ကျုန့်ကာ တဖက်ကိုတိုးသထက်တိုးကာ ထိုင်ပြီး လိုက်လာခဲ့တော့တယ်..