ချစ်ရသူရဲ့ 21 နှစ်ပြည့်မွေးနေ့လေးကို အစောဆုံးဆုတောင်းစကားပြောဖို့ ဒီည ချာတိတ် အိမ်မှာ အတူတူ နေပြီး ညစာတူတူ စားကာ တညလုံး ချာတိတ် အလိုကျ ဂိမ်းတူတူဆော့ပေးနေရတယ်
" ဦးက လည်း Tae ကို အလျော့ပေးလေ ဦး ပဲနိုင်နေတယ် "" ဟော နိုင်ချင်ရင် နိုင်အောင်ဆော့လေ "
" ဦးနော်!!! အလျော့ပေးမှာလား မပေးဘူးလားပြော "
" မပေးဘူး "
" ဟင့် ဦး က Tae ကို မချစ်ဘူး Tae က တော့ချစ်လိုက်ရတာ ဟင့် "
" မငိုနဲ့ စတာ မငိုနဲ့ ဦးက အလျော့ပေးရမှာပေါ့ "
"ဟင့် သွား ခုမှ လာမပြောနဲ့ ဦးက Tae ကို မချစ်ဘူး ဟင့် "
ဆိုဖာမာထိုင်ရင်း တဖက်ကို လှည့်ကာကောက်နေတဲ့ ချာတိတ်..အနောက် ကနေ ခါးလေးကို သိုင်းဖတ်လိုက်ပြီး ပခုံးပေါ်မေးလေးတင်ကာ
" ဦးက ချာတိတ်ကို ချစ်တာပေါ့ကွာ ဘယ်လောက်တောင်ချစ်လည်းဆိုရင် ချစ်တာထက် ပိုလေးနက်တဲ့ စကားရှိရင် ပြောချင်သေးတာ ချာတိတ်ရဲ့ "
" သွားပါ မယုံဘူး"
" မယုံရင် ယုံအောင်လုပ်ပြရမှာပေါ့ "
omma! !!!
ဟိုဘက်လှည့်နေတဲ့ ကောင်လေးကို ခါးကနေဆွဲမ လိုက်ပြီး ပေါင်ပေါ်ထိုင်စေလိုက်တော့ လန့်သွားတဲ့ ချာတိတ်..
" ပြရတော့မလား "
ကျွန်တော်မေးလိုက်တော့ မျက်လုံးလေးပြူးကာ မေးလာတဲ့ ချာတိတ်..
" ဘာပြမှာလည်း "
ဆိုဖာပေါ် ဆွဲလှဲလိုက်ကာ အပေါ်ကအုပ်မိုးလိုက်တော့ရင်ဘက်တွေကို လက်ကလေးနဲ့ ထောက်ထားပြီး မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတဲ့ ချာတိတ် ..
တဖြေးဖြေး မျက်နှာလေးနားတိုးကပ်သွားတော့
မျက်လုံးလေးတွေ မှိတ်ချလိုက်တဲ့ ချာတိတ်..အရင်ဆုံး နဖူးပြင်လေးသို့ အနမ်းဖွဖွလေး ပေးလိုက်တယ်.. နောက်ပြီး မျက်လုံး နှာခေါင်း. ပါးပြင်လေးတွေကို တချက်စီ အနမ်းလေးတွေ ပေးပြီး နောက်ဆုံးကျန်တဲ့ နှုတ်ခမ်းလေးကို မနမ်းသေးပဲ ခဏနေလိုက်တော့ .မျက်လုံးလေးတွေ ပွင့်လာကာ ကျွန်တော်ရဲ့ ရင်ဘက်ကို ထောက်ထားတဲ့ လက်လေးတွေက ကျွန်တော်ရဲ့ ဂုတ်ကို ဖတ်တွယ်လာတယ်..