10

4.5K 236 4
                                    

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ခြံထဲမှာ နားကြပ် လေးတက်ရင်း ဒန်းစီးနေတဲ့ Taehyung ပါးစပ်ကလည်း လှုပ်စိလှုပ်စိနဲ့ သီချင်းတွေ လိုက်ဆိုနေသည်..

ခဏနေတော့ ရေပိုက်လေးကိုင်ကာ ခြံထဲက ပန်းပင်လေးတွေကို ရေဖြန်းရင်း ခန္တာကိုယ်လေးက ဟိုယိုင်းဒီယိုင်းနဲ့ ကလို့နေသေးသည်..

တီးတောင်

နားကြပ်တပ်ထားတာကြောင့် ဘဲလ်သံကို မကြားကာ လုပ်မြဲတိုင်းသာ ရေဖြန်းလို့နေသည်..

jk pov.. ချာတိတ်ကတော့ မကြားဘူးထင်တယ်..
အိမ်ရှေ့တံခါးကနေ ဘဲလ်တီးနေတာကို မကြားတာကြောင့် တံခါးကို ဆွဲဖွင့်လိုက်တော့ တံခါးကလေ ပွင့်လို့နေသည်..

Taehyung နားကို သွားကာ အနားကပ်ခေါ်လိုက်တော့ လန့်သွားကာ jungkook ဘက်လှည့်လိုက်တော့ ..

" omma! !! အား ဦး စိုကုန်ပြီ "

jungkook မျက်နှာမှာ ရေတွေရွှဲလို့. စိုသွားတဲ့ ရေ တွေကို လက်ကလေးနဲ့ သုတ်ပေးနေတဲ့ Taehyung..

သုတ်ပေးနေတဲ့ သူကို ကြည့်နေတဲ့ jungkook ကြောင့် ပါးပြင်ပေါ်မှာ လက်ဝါးလေးက သုတ်နေရင်း ရပ်သွားကာ. အကြည့်တို့စုံမိချိန်.. ခြေဖျားလေးထောက်ခါ နှုတ်ခမ်းလေးကို ထိကပ်ရုံမျှ နမ်းလိုက်တဲ့ Taehyung..

Taehyung ရဲ့ အမှတ်မထင် အနမ်းကြောင့် jungkook အံ့သြသွားကာ Taehyung ကို စောင့်တွန်းလိုက်ပြီး

" ချာတိတ် မင်း "
" ကျွန်တော် ဦး ကို ချစ်တယ် "
" မင်းဘာတွေပြောနေတာလည်း "

" ကျွန်တော် ဦးကို ချစ်တယ်လို့ စတွေ့ထဲက ချစ်ခဲ့တာလို့ "
" ငါမှာ ချစ်ရတဲ့ မိန်းကလေးရှိတယ် "

" သိတယ် ဂရုမစိုက်ဘူး ကျွန်တော် ဦးကို ချစ်တယ် ဒါပဲ ဦး အချစ်ကို ဘယ်လိုနည်း နဲ့ ဖြစ်ဖြစ် ရအောင်ယူမှာပဲ "

" မင်းရူးသွားပြီ ငါမင်းပို ဂရုစိုက်ခဲ့တာ မင်းကို ချာတိတ်တယောက်လို ခင်လို့ ဂရုစိုက်ပြီး အလိုလိုက်ခဲ့တာ ကူညီခဲ့တာ "

" ဦး လိမ်တာ ဦးကျွန်တော် အပေါ်မှာ ခံစားချက်ရှိနေတာ သိတယ် ဦးအကြည့်တွေမှာ ပေါ်နေတယ် ဦး မလိမ်နဲ့ ပြီးတော့ ဂရုစိုက်မှုတွေကြောင့် ချစ်ခဲ့တာ မဟုတ်ဘူး စတွေ့ထဲက ချစ်ခဲ့တာ ဦး မို့လို့ကို ချစ်ခဲ့တာ "

VÎLLÀÌÑ ( complete) Where stories live. Discover now