Final

8K 243 19
                                    

ICU ခန်းထဲကနေ သီးသန့်ခန်းကို ဒီနေ့မနက်ပိုင်းပဲ ရွေ့ရတယ်..

အရင် သုံးရက်လောက်က ခဏခဏ အသဲအသန်ဖြစ်လို့ ဆရာဝန်တွေလည်း တော်တော်လေးကုလိုက်ရတယ်..

အောက်စီဂျင် ပိုက်တန်းလန်းနဲ့ လက်မှာလည်း အပ်ရာများစွာနဲ့ ချာတိတ်ကို မြင်ရတိုင်း ကျွန်တော် ရင်တွေ ကွဲလုမတက်ခံစားရတယ်..

ပထမဆုံး သတိရလာတဲ့ ရက်ကဆို စကားသာမပြောနိုင်တာ မျက်လုံးလေးက ကလေးအကြောင်းသိချင်နေတဲ့ မျက်လုံးလေးနဲ့ ကြည့်လာတယ်..

အမွှာပူးလေးလို့ပြောပြလိုက်တော့ ငိုလိုက်တာများ ပြောမနေနဲ့.. ပြီးတော့ပြန်ပြုံးပြလာတယ်..ဒါဆို ချာတိတ် အရမ်းဝမ်းသာလို့ပေါ့ဆိုတာ သိနေတယ်လေ...

ICU ခန်းထဲ သွားတွေ့တိုင်း ကျွန်တော်ကို မြင်တာနဲ့ အောက်စီဂျင် mask အောက်ကနေ ပြုံးပြလာတဲ့ မျက်နှာလေး..

ကျွန်တော်တို့ရဲ့ ကလေးလေးတွေ အကြောင်းပြောပြရင်လည်း ပြုံးကာ နားထောင်ကာ သူသိတဲ့ အကြောင်းကို ခေါင်းလေးဖြေးဖြေးညိတ်ပြသေးတယ်..

ကျွန်တော် ချစ်တယ်လို့ အမြဲပြောတိုင်း.. မျက်လုံးလေးမှိတ်ကာ ခေါင်းလေးညိတ်လို့ သူရောပဲ ဆိုတဲ့ ပုံစံမျိုး...

သုံးရက် အတောအတွင်းမှာ တော်တော်လေး ပိန်ကြသွားတဲ့ ကျွန်တော်ရဲ့ ချာတိတ်..

ဒီနေ့တော့ သက်သာသွားတာကြောင့် တော်တော်လေး လန်းဆန်းနေတယ်..

ဒီလိုမျိုးလေး မြင်ချင်တာလေ.. ခုဆို ကလေးလေးတွေ ကလည်း အခန်းထဲရောက်နေပြီ ဖြစ်တာ ကြောင့် ကလေးတွေ တဖက် တယောက်စီ အချိန်ပြည့်ချီထားပြီး ချစ်မဝဖြစ်နေတာ..

" ဦး သားသား နဲ့ မီးမီး က ဦး နဲ့ အရမ်းတူတာပဲ "

" အင်း omma ကပြောတယ် အဲ့တာ ချာတိတ်က ဦးကို အရမ်းချစ်လို့တဲ့ "

" omma ပြောမှ သိတာလား Tae ဦးကို ချစ်တာမသိဘူးလား "

" မဟုတ်ဘူးလေ ချာတိတ် ဦးကို ချစ်တာသိတာပေါ့.. ဒါက တမျိုးပြောတာလေ "

" သွားလာမရှင်းပြနဲ့တော့ ဦး က Tae ကို မချစ်ဘူး "

" ဟာ လုပ်ပြီ သားသား နဲ့ မီးမီး ရေ ပါးပါးက လေ သားသား နဲ့ မီးမီး ရဲ့ ပါးပါးကို အရမ်းအနိုင်ကျင့်တာပဲ "

VÎLLÀÌÑ ( complete) Where stories live. Discover now