6

4K 232 4
                                    

မနက်ကျောင်းရောက်တာနဲ့ ကန်တင်းသို့သုတ်ခြေတင်သွားကာ စတော်ဘယ်ရီ အအေးနဲ့ ပေါင်မုန့်တလုံးဝယ်ပြီး လမ်းလျှောက်ရင်းစားကာ အတန်းရှိရာစီသို့လျှောက်လာတော့ အနောက်က ခေါ်သံကြောင့်လှည့်ကြည့်လိုက်တာ Jin. ဖြစ်နေတယ်..

" Tae Tae "
" မင်းခုမှလာတာလား "
" အင်း ဒီနေ့ကားနောက်ကျလို့ "
" စားပါအုံး "

" ငါက စားလာပြီးပြီ ဟေ့ရောင်ဟိုမှာကြည့်စမ်း sam kim Nanjoon အားးအပြုံးကြီးက ချစ်ဖို့ကောင်းလိုက်တာကွာ "

" မင်းဖွင့်ပြောလိုက်တော့လေ "

" မလွယ်ဘူး ဟ sam ကလေ IG မှာတောင် တရားပေါက်နေသလိုပဲ ပန်းချီကားတွေတင်လိုက် အိုးတွေတင်လိုက် တောထဲက ဘုန်းကြီးကျောင်းသွားလိုက်နဲ့ ကြာရင် sam IG ဝင်ကြည့်ရင်း ငါပါတရားပေါက်တော့မယ် 😢 "

"ဟား ဟား ဟား မင်းအဖြစ်ကလည်းကွာ "

Jin ရဲ့ ကြေကွဲစွာရင်ဖွင့်သံတွေကိုနားထောင်ရင်း အားရပါးရ ရယ်ချလိုက်မိတဲ့ Taehyung..

ဒါကို ဆရာတွေ အခန်းကနေ လှမ်းကြည့်နေတဲ့ jungkook. Taehyung အပြုံးကြောင့် သူပါ အလိုလိုလိုက်ပြုံးမိနေသည်..

Yoongi " Sam jungkook ဘာတွေ သဘောကျနေတာလည်း "

" အာ သစ်ရွက်လှုပ်နေလို့ "

yg " သစ်ရွက်လှုပ်တာကို သဘောကျရအောင် sam က 35 ကျော်နေပြီနော် "

" sam yoongi ကလည်း ကျွန်တော်က အနုပညာမျက်လုံးနဲ့ ကြည့်တာပါ "

yg " အော် အဲ့အနုပညာက ဟိုးမှာရယ်နေတဲ့ ကောင်လေးများလားလို့ သစ်ရွက်ဖြစ်နေတာကို "

ပြောချင်တာ ပြောပြီး ပခုံးလေးပုတ်ကာ ထွက်သွားတဲ့ sam yoongi..

jungkook မှာတော့ သူခိုးလူမိသွားသလို ဘာမှ ပြန်တောင်မပြောနိုင်တော့..

ဂုတ်ကလေးပွတ်ကာ ခေါင်းငုံ့၍သာ ပြုံးနေမိတော့သည်..

yuri " Jeon ဒီနေ့ ပြန်ရင်လေ yuri တို့မုန့်သွားစားရအောင် "
" ဟင် အင်းးသွားကြမယ်လေ "

yuri " Jeon ဒီရက်ပိုင်း တမျိုးပဲနော် Yuri တခုခုပြောရင် ဟင် ဟင်နဲ့ ဘာမှန်းမသိဘူး "

VÎLLÀÌÑ ( complete) Where stories live. Discover now