ဆိုင်ရှေ့မှာ စောင့်နေတုန်း အနောက်ကနေ လာရပ်တဲ့ လူတယောက်က အစက ဦးစနေတယ် ထင်လို့ လှည့်ကြည့်မလို့ပဲ ဒါပေမယ့် ထိုလူရဲ့ အသံ ခါးအနောက်ကနေ ထောက်ထားတာ ခံလိုက်ရတဲ့ ဆူးခနဲ ခံစားချက်ကြောင့် ဦးမဟုတ်မှန်း သိလိုက်တယ်..
ထိုလူက ဘယ်သူလည်း မသိခင်မှာပဲ ထိုလူရဲ့ ညွန်ကြားချက်အတိုင်း လျှောက်လာခဲ့ကာ အနက်ရောင် ကားတစီးရပ်ထားတဲ့ စီသို့..
ထိုကားရှေ့ရောက်တော့ တံခါးဖွင့်ကာတက်ဖို့ အမိန့်ပေးလာတဲ့ ထိုလူ မတက်ချင်လို့ ပေကပ်ကပ်လုပ်နေတော့ အနောက်ကနေ ပိုတိုးလာတဲ့ နာကျင်မှု ကြောင့် ကြောက်ကြောက်နဲ့ တက်ခဲ့ရတယ်..
ကားပေါ်ရောက်တာနဲ့ ရှုလိုက်ရတဲ့ အနံတခု
ကြောင့် လူက အလိုလို အိပ်ချင်လာသလို.. အားတင်းထားသော်လည်း မရ ကျွန်တော် အိပ်ပျော်သွားခဲ့ပြီ...
...You are the course of my euphoria..
" ဟုတ်ကဲ့ appa "
A " သား jungkook မေးရမှာတော့ အားနာပေ
မယ့် သားနဲ့ ကလေးလေး ဘယ်သွားနေကြတာလည်း "" ဗျာ ကျွန်တော် ချာတိတ်နဲ့ မတွေ့ရသေးဘူး "
A " ဘယ်လို အမှန်တိုင်းပြောရရင် ဦးက ကလေးလေး ကိုစိတ်မချလို့ ကလေးလေး ဖုန်းကို ဦးဖုန်းနဲ့ချိတ်ထားတယ်
ခုက ကလေးလေး ဖုန်းက နယ်ကျော်နေတယ်ဆိုပြီး အလန်းပြနေတယ်..သားနဲ့တူတူ ရှိတာ သိပေမယ့် အခုပြနေတဲ့ နေရာက မသွားသင့်တဲ့ နေရာ ဖြစ်နေလို့ မေးကြည့်တာ သားက ခုထိ ကလေးလေးနဲ့ မတွေ့ရသေးဘူး လား "
" ဟုတ် appa ချာတိတ်က appa နဲ့ တူတူ ရှိနေတာမဟုတ်ဘူးလား ကျွန်တော် နောက်ကျမှာမို့ ပြောလိုက်တော့ အနားမှာ appa ရှိတယ်ပြောလို့ "
A " ဦးကို အတင်းပြန်လွှတ်လို့ ပြန်လာခဲ့တာ "
"ဗျာ!!! appa ချာတိတ် ရဲ့ တည်နေရာလေး ကျွန်တော်ကို ပို့ပေးပါ ချာတိတ် အန္တရာယ်ရှိနေပြီ ရဲတွေ ဖုန်းဆက်ပြီး လိုက်ခဲ့ပေးပါ ကျွန်တော် သွားတော့ မယ် "
A "ဘာ!!! အေး ဦးလိုက်ခဲ့မယ် "
....ကျွန်တော် ဆေးရုံထဲက ပြေးထွက်လာကာ ကားရှိရာစီသို့.. ကားပေါ်ရောက်တာနဲ့ ပို့လာတဲ့ နေရာကို GPS ထောက်လိုက်တော့ မြို့ပြင်က ဂိုထောင်ပျက်တွေစီ ပြနေတယ်..