3

5K 255 5
                                    

ဒီနေ့ ကျောင်းစတက်ရမယ်..အထက်တန်းပြီးထဲက ဘာတက္ကသိုလ်မှကို မတက်ပဲ အလေလိုက်နေခြင်းပင်..

စာတော်သည် ဆေးကျောင်းအမှတ်ကို မှီသည်..သို့ပေမယ့် အပင်ပန်းမခံနိုင်တာကြောင့် ဆရာဝန် အလုပ်ကို အိမ်ကလည်းခွင့်မပြုသလို သူ ကိုယ်တိုင်ကလည်းစိတ်မဝင်စားခဲ့..

စီးပွားရေးသာ လုပ်ဖို့တိုက်တွန်းသော appa ငယ်သေးတာကြောင့် လွှတ်ထားပေးတဲ့ omma..

ခုတော့ ပန်းချီကျောင်းတက်မယ်ဆိုတဲ့ သူအပြောကို အံ့သြနေကြသေးသည်..

ငယ်ငယ်ထဲက စိတ်မရှည်တက်တဲ့ သူ့အဖို့ ပန်းချီကျောင်းတက်မည်ဆိုသည်မှာ အလွန်ပင်ထူးဆန်းနေခြင်းဖြစ်သည်..

မနက်စောစော မထတက်တဲ့ သူ့အဖို့ 9:00 နာရီ ကျောင်းအမှီသွားဖို့က ကျောင်းစတက်တဲ့ နေမှာတင် ဇာတ်လမ်းကစတော့တာပဲ
...

"  ပထမနှစ်ကျောင်းသား ကျောင်းသူတွေ အားလုံး မဂ်လာပါ ဆရာက မင်းတို့ အခန်းကို သင်ပေးမယ့် ဆရာ Jeon Jungkook ပါ အတန်းတက် စာရင်းကောက်မယ်နော် "

"choi Sobin "
"nae "
"choi Yeonjun "
" nae "
" Kim Seokjin "
" nae "
" Kim Taehyung "

Jk pov..ချာတိတ် နာမည်နဲ့တူနေတယ်

" Kim Taehyung ရှိလား Kim Taehyung "

ကော်ရစ်တာ တလျှောက် မာရသွန်ပြိုင်ပွဲဝင်အလား ပြေးလာတဲ့ Taehyung ကျောင်းတက်ချိန် ဖြစ်တာကြောင့် ကော်ရစ်တာမှာ မည်သူမှ တော့မရှိ အခန်းဝရောက်တော့ သူ့နာမည်ခေါ်သံကြားလိုက်မှ

" sam ကျွန်တော် ဟူး ဟူး ရောက်ပြီ "

Jungkook မှာလည်း မြင်လိုက်ရတဲ့သူက သူထင်ထားသလို ချာတိတ်ဖြစ်နေတာကြောင့် ထက်မှန် အံသြရပြန်ပြီ

" ဟင် ချာတိတ်. အို..Kim Taehyung "
" nae sam "
" အဆင်ပြေမယ့်နေရာ ဝင်ထိုင်လိုက်ပါ "
" nae "

စာသင်ချိန် တချိန်လုံး စာထဲကို စိတ်မရောက် သူ့ရဲ့ ဦးကိုသာ အရိပ်တကြည့်ကြည့်နဲ့ ခိုးကြည့်နေရတာလည်း အမော..

လူမိသွားရင် စာနားထောင်တဲ့ပုံစံဟန်ဆောင်ရတာလည်း အမောပေါ့..
..
နေ့လည် ထမင်းစားချိန်ရောက်တော့ ကျောင်းက ကန်တင်းသွားဖို့ အလုပ်

VÎLLÀÌÑ ( complete) Where stories live. Discover now